အပိုင်း-13

2.1K 215 14
                                    

မှူးရယ် အန်တီရယ် အန်တီစုရီရယ် အတူ ဧည့်ခန်းထဲရုပ်ရှင်ကြည့်ဖြစ်ကြသည်
မှူးနဲ့အန်တီက ဆိုဖာတစ်ခုထဲအတူတူထိုင်ရင်း မှူးကအန်တီ့ရင်ခွင်ထဲမှာမှီထားသည် အန်တီကတော့မှူးကိုနောက်ကနေဖက်ထားကာ မှူးခေါင်းပေါ်ကိုမေးတင်ထားသည်

'ဟင်... ရုပ်ရှင်ကတစ်ဝက်မကျိုးသေးဘူး မုန့်ကကုန်သွားပြီ'

မှူးငြီးငြူလိုက်တော့ အန်တီကရယ်ကာ

'ကုန်မှာပေါ့ ရှင်လေးကရုပ်ရှင်ကြည့်တာနည်းနည်း မုန့်စားနေတာကများများကို'
'အန်တီကလဲ ဒီမှာပဲကုန်တာပါ ရေခဲသေတ္တာထဲမှာရော ဗီရိုထဲမှာရောရှိပါသေးတယ် မှူးသွားယူလိုက်မယ်'
'မှူး တို့အတွက် ကော်ဖီလေးတစ်ခွက်လောက်ဖျော်ပေးပါလား'

အန်တီစုရီကမှူးကိုလှမ်းပြောသည်

'ဟုတ်ရတယ်လေ'
'အစေ့ကိုကြိတ်ပြီးဖျော်တာကိုပြောတာနော်မှူး'
'အာ....'

မှူး အစေ့မကြိတ်ချင်ပါ  ဒါပေမဲ့အန်တီက

'သူ့ကိုဖျော်ပေးလိုက်ပါ'
'ဟုတ် အန်တီ'

မှူးအစေ့ကြိတ်နေတုန်း အိမ်ထဲကိုတစ်ယောက်ယောက်ဝင်လာတဲ့ခြေသံကြားသည်

'မမ'

အန်တီမယ့်အသံပင်

'ဘွားဘွားကခဏလာခဲ့ပါတဲ့'
'အင်း မှူးရေ'
'ရှင်အန်တီ'
'အဘွားခေါ်လို့ သွားလိုက်ဦးမယ်'
'ဟုတ်အန်တီ ဂရုစိုက်သွားနော်'
'တို့ သွားလိုက်ဦးမယ်စုရီ စောစောအိပ်နော်'
'အင်းလွှာ'

လွှာနဲ့မယ်နှစ်ယောက် အိမ်မကြီးဆီလျှောက်လာရင်း

'ဘာကိစ္စလဲညကြီးမိုးချုပ်ငါ့ကိုအဘွားခေါ်ခိုင်းတာ'
'မသိဘူး'
'မယ်ရိုနီလာ နင်ဘယ်တုန်းကငါမေးတဲ့မေးခွန်းကိုဒီလိုပေါ့ပျက်ပျက်ဖြေလို့ရလို့လဲ ငါ့ရှေ့မှာသေချာလာရပ်ဖြေ'

မယ်ကတော့ဂရုမစိုက်ပဲဆက်လျှောက်သွားလ်ိုက်သည်
လွှာကမယ့်ရဲ့လက်ကိုကိုင်ကာ သူ့ဘက်ကိုဆွဲလှည့်လိုက်ပြီး

'ဖြန်း'
'နင်ဒါဘာစောက်ချိုးတွေချိုးနေတာလဲ မယ်ရိုနီလာ
ရှေ့တစ်ခေါက်ကတော့ နင်မူးနေလို့ဆိုပြီးငါသည်းခံလိုက်တယ် တစ်ခါပဲရမယ် နှစ်ခါသည်းမခံပေးနိုင်ဘူး'
'ဘယ်နှစ်ခါသည်းခံသည်းခံ စောက်ဂရုမစိုက်ဘူး ဂုဏ်သိက္ခာရှိတဲ့လူကြီးလူကောင်းတွေကိုပဲလေးလေးစားစားဆက်ဆံပေးနိုင်တယ် အိမ်ထောင်ရေးဖောက်ပြန်တတ်တဲ့ရွံစရာစိတ်ဓါတ်နဲ့လူတွေကိုတော့မလေးစားပေးနိုင်ဘူး'
'နင်!'

Lovestop(Complete)Where stories live. Discover now