[ A/N: ပါဝင်သော ဇာတ်ကောင်နှင့် အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာ ဖြစ်တာကြောင့် တူညီသောအရာရှိခဲ့ပါက တိုက်ဆိုင်မှုတစ်ခုသာဖြစ်ပြီး ဒေသပိုင်းဆိုင်ရာ အခေါ်အဝေါ်များ တစ်စုံတစ်ရာလွဲမှားသည်ရှိပါကလည်း နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ]
________________________________________
အချိန်ရဲ့ လည်ပတ်စီးဆင်းမှုဟာ ဘယ်ကာလမှာ ရပ်တန့်သလဲ ဆိုတာ ရှင်တို့ သိကြလား။ ဒါမှမဟုတ် ရှင်တို့ရဲ့ အချိန်တွေ နှေးတာမျိုး ၊ လိုတာထက်ပိုပြီး မြန်တာမျိုး ဖြစ်ဖူးကြလား။ ကျွန်မကတော့ အခု အဲ့သည်လို ခံစားချက်မျိုး ဖြစ်နေရတယ်။ အခုလို ဖြစ်နေရခြင်းဟာလည်း ကျွန်မရှေ့မှာရှိနေတဲ့ အမျိုးသမီးတစ်ယောက်ကြောင့်တဲ့လေ။
အဲ့ဒီ အမျိုးသမီးနဲ့ မတွေ့တာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။ နောက်ပြီး ဒီအမျိုးသမီးကို မချစ်ယောင်ဆောင်ခဲ့တာရော ဘယ်လောက်ကြာခဲ့ပြီလဲ။
" လွန်းငယ် "
ကျွန်မရှေ့က အမျိုးသမီးရဲ့ ခေါ်သံကြောင့် စိုစွတ်လာသော ပါးပြင်ဟာ ကျွန်မအနေနဲ့ ဒီအမျိုးသမီးကို ဘယ်လောက်လွမ်းနေကြောင်း ၊ ဘယ်လောက် တမ်းတနေမိကြောင်း သက်သေတစ်ခု။ ဒါမှမဟုတ်လည်း နာကျည်းနေမိကြောင်း သက်သေလည်း ဖြစ်နိုင်ပါသည်လေ။
" မမ "
မမဟာ ကျွန်မရှေ့သို့တိုးလာသည်။ ယောင်ယမ်းစွာဖြင့် အနောက်သို့ ဆုတ်မိတော့ မမက တုန့်ခနဲ ရပ်တန့်ကာ ကျွန်မကို ကြည့်လာသည်။ ထိုအကြည့်များထဲတွင် နာကျင်မှုများ ၊ လွမ်းဆွတ်မှုများ ၊ နောင်တများလည်း ရောယှက်ကာ ပါဝင်နေသည်။
" မမကို စိတ်ဆိုးနေတုန်းလားဟင် "
မေးရက်လိုက်တဲ့ မမပါလေ။ စိတ်ဆိုးနေတာမဟုတ်ဘဲ လွမ်းနေတယ်ဆိုရင်ရော မမဘယ်လိုလုပ်မလဲ။ တကယ်လို့ စိတ်ဆိုးနေတာရော လွမ်းနေတာရောမဟုတ်ဘဲ နာကျည်းနေမိတာဆိုရင်ရော မမ ဘယ်လိုတာဝန်ယူပေးနိုင်မှာတဲ့လဲ။ မမအနေနဲ့ ဘယ်လိုမှ တတ်နိုင်မှာမဟုတ်ပါဘဲ မေးရက်တယ်။" မေ "
မမရဲ့ ဘေးနားမှာ ရပ်ရင်း ပခုံးကို ကိုင်ကာ ခေါ်လာသည့် အမျိုးသားဟာ မမရဲ့ခင်ပွန်းဖြစ်သူပေါ့။ လူကြီးလူကောင်းဆန်ဆန် အဲ့ဒီအမျိုးသားဟာ မမနဲ့ လိုက်ဖက်သားပဲ။ ကျွန်မကတော့... အင်း... ဝေးရတာပေါ့။
![](https://img.wattpad.com/cover/373447522-288-k451661.jpg)
YOU ARE READING
ကမ္ဘာမြေအား သက်သေတည်၍
Romanceနန်းနဲ့ အတူရှိနေရတဲ့ အချိန်တွေဟာ ကျွန်မအတွက်တော့ သက်ငြိမ်ခြင်းပါပဲ။