- အခန်း ၈ -

245 37 8
                                    

Unicode

နန်းရဲ့ စကားတွေဟာ ကျွန်မအတွေးထဲတွင် တဝဲလည်လည်ရှိနေကာ အချိန်အတော်ကြာသည်အထိ အိပ်မပျော်ပေ။ အပြင်ထွက်ကာ ထိုင်ချင်ပေမယ့် အေးလွန်းသည့် ရာသီဥတုကြောင့်လည်း မထွက်ချင်။ ဟိုတစ်ခါကလို နန်းကလည်း ရောက်လာမှာ မဟုတ်ဘူးလေ။
ဟိုလှိမ့် ဒီလှိမ့်ဖြင့်သာ တစ်ညတာကို ကျော်ဖြတ်ရင်းပင် မိုးလင်းခဲ့တော့သည်။ အနည်းငယ် ညိုနေသော မျက်ကွင်းများနှင့် အိပ်ရေးမဝသဖြင့် မှုန်ကုပ်စွာထိုင်နေသည့် လွန်းသစ္စာမောင်ကတော့ ခေါင်းတောင် သေချာဖြီးထားသည့်ပုံ မပေါ်ပါပေ။

" ဟူးး "

" ဟယ်တော် သက်ပြင်းတွေချလို့ပါလား လွန်း "

မနိုးတစ်ယောက် ရေနွေးအိုးနှင့် ခွက်များကိုကိုင်ရင်း ကျွန်မထိုင်နေသည့် ကွပ်ပျစ်နားသို့ရောက်လာသည်။ မနက်စာစားပြီး ဒီနေ့ လယ်ထဲသွားစရာမလိုဘူးလို့ ပြောသံတော့ ကြားလိုက်မိသည်။ သို့သော် မနိုးက ဒီတိုင်းနေမည့်သူတော့မဟုတ် ငရုတ်သီးတောင့်များကို ယူလာပြီး အညှာချွေနေပြန်သည်။ ငရုတ်သီးတွေကို အညှာချွေ ရေဆေးပြီးစစ်ထားရင် ပိုပြီးအထားခံသည်ဟု ကြားတော့ကြားဖူးသည်။ ကျွန်မအနေနဲ့ကတော့ သေချာလည်းမသိပါ။

" ဒီနေ့ မနန်းမလာဘူးတဲ့လား "

" အွန်း.. နေမကောင်းဖြစ်နေတော့ လာလောက်မယ်မထင်ဘူး "

မနိုးရဲ့ အမေးကို ခပ်ဖြည်းဖြည်းလေးပင် တုန့်ပြန်မိတော့ မနိုးက ခပ်လွင်လွင်ရယ်သည်။ ဘာလို့ရယ်သလဲဆိုတာ‌ကို ကျွန်မ ရိပ်မိပါသည်။ သို့သော် မသိကျေးကျွန်သာပြုထားမိလိုက်၏။

" ဒီနေ့ မနန်းမလာလို့ သက်ပြင်းချနေတာပေါ့လေ "

" အဲ့လိုလည်း မဟုတ်ပါဘူး "

နန်း ကျွန်မဆီကို မလာလို့ သက်ပြင်းချတာရယ်တော့ မဟုတ်တာအမှန်ပါ။ နန်းမလာရင် ကျွန်မသွားတွေ့လို့ရသည်ပဲလေ။ သို့သော် သက်ပြင်းချမိသည့် အကြောင်းရင်းက နန်းကြောင့်ဆိုတာကတော့ အဟုတ်ပင်။ ကျွန်မမှာ နန်းနဲ့ပတ်သက်ရင် တွေးစရာတွေသိပ်များတယ်။ နှစ်ယောက်အတူတူအချိန်ကုန်ဆုံးပြီးတိုင်း ကျွန်မမှာ တွေးစရာတွေအပြည့်ပဲ။

ကမ္ဘာမြေအား သက်သေတည်၍Where stories live. Discover now