Hoonsuk ft.Hajungwoo Part I

51 4 0
                                    


Ji: "Ya Park jungwoo ငါရေးခိုင်းတဲ့စာရေးပြီးပြီလား။"

Woo: "Jihoon ya မနေ့က assignmentလေးရှိ....ရှိတော့ မ... မ ...မရေးရသေးဖူး။"

Ji: "ငါမင်းကိုပြောတယ်လေ ဒီနေ့ညနေYuoseiဘက်သွားတဲ့အချိန်ပေးမလို့ပါဆို။အခုရေး ငါဘေးကနေ ထိုင်စောင့်ပေးမယ်။"

Woo: "အေးပါ။ငါ အခုရေးပေးမယ်။"

တစ်နာရီလောက်ကြာတော့

Woo: "ပြီးပြီ။"

Ji: "အဲဒါဆို။သွားပို့လိုက်အုန်းမယ်။"

🐺🐺🐺🐺🐺🐺🐺🐺🐺🐺🐺🐺🐺🐺🐺

At Yuosei
Dance clubနား ရစ်သီရစ်သီလုပ်နေသော်လည်း hyunsukieလေးက မရှိ။
အဲဒါနဲ့ jihoonလည်း အနီးနားက ကလေးတယောက်ကို fashionမေဂျာက Choi Hyunsukကိုပေးပေးဆိုပြီးပဲ ထားခဲ့လိုက်ရတယ်။
သူ မသိလိုက်တာက ထိုစာသည်Hyunsukလက်ထဲရောက်မသွားဖူးဆိုတာပင်။
အကြောင်းရင်းကား
boy: "Haruto ဒီနေ့ Hyunsuk hyung မလာဖူးလား။"

Ruto: "အေး ဒီနေ့ ခရီးထွက်သွားတယ်။ဘာလို့လဲ။"

Boy: "ခုနက SUက ကောင်လေးတယောက် စာပေးသွားလို့။မင်းနဲ့ hyungအိမ်နဲ့က နီးတာပဲ။ မင်းယူသွားလို့ရလား။"

Ruto: "မယူ....."
မယူတော့ဖူလို့ ငြင်းမယ့် harutoကို စာအိတ်ပေါ်က သို့ Hyunsukieဆိုတဲ့လက်ရေးလေးက တားထားသည်။

စာအိတ်ကို ယူလိုက်ပြီး ငါပြန်တော့မယ်ဆိုသည့် harutoကို dance clubတခုလုံးက နားမလည်တော့ပါ။

တူတယ်ဆိုပေမယ့် သေချာတိုက်စစ်ချင်တဲ့ rutoတယောက် ကားမောင်းရင်း ထိုစိတ်ပဲ ရောက်နေလေသည်။

အိမ်ရောက်တာနဲ့ နှုတ်ဆက်နေကြ အမေ့ကိုတောင် မနှုတ်ဆက်ပဲ ဗီဒို အောက်ဆုံး plasticဘူးလေးကို ထုတ်လိုက်သည်။

အစီရီလိုက်ရှိနေသော စာအိတ်များထဲက တခုကိုယူလိုက်ပြီး ဖွင့်လိုက်သည်။ထိုနည်းတူစွာ ဒီနေ့မှ ရလာသော စာအိတ်ထဲက စာကိုလည်းဖွင့်ဖတ်လိုက်သည်။
တူညီသော အရေးအသား တူညီသော အဖွဲ့အနွဲ့
တစ်စောင်ပြီးတစောင် တိုက်စစ်နေလည်း တူညီသော အဖြေကိုသာရ၏။
နှုတ်ခမ်းထောင့်ကနေ အပြုံးတခုပေါ်လာပြီး
Ruto: "ပြန်လည်တွေ့စုံကြတာပေ့ Jwoo"

အပိုင်းတိုစလေးများWhere stories live. Discover now