အပြင်လည်းတူတူထွက်ဆော့ပြီးပြီလေ
နမ်းလည်းနမ်းပေးပြီးပြီလေ
စိန်တုံးအကြီးကြီးလည်း ၀ယ်ပေးပြီးပြီလေ
ဘာလို့မပြေသေးတာလဲသီချင်းရေးနေတုန်း studioခန်းထဲလာပြီး
ကျနော့်အကျီစလေးကို ဖွဖွလေးဆွဲရမ်းကာ
ချစ်စရာကောင်းနေသောသူ့ကို ကျနော် ဘယ်လိုစိတ်ဆိုးရက်မှာလဲ။
ဒါပေမယ့် မဖြစ်သေးဖူး ဂျောင်ဝူးဆိုတဲ့ အဲကောင်လေးက အလျော့ပေးရင် ရောင့်တက်တယ်။ သူ့first kissက ကျနော်မဟုတ်တာကိုတောင် အလျော့ပေးခဲ့ရတယ်။အို ပြောရမယ့်ဆိုရင်တော့အများကြီး။ တခုချင်းကိုသာ လိုက် သ၀န်တိုနေရမယ်ဆိုရင် Watanabeမျိုးရိုးပြောင်းရတော့မယ်
Jatanabeလို့။Jeong pov
တတွတ်တွတ်ချော့နေတာတောင် တင်းခံနေတဲ့ တယောက်ကို သူဘယ်လိုလုပ်ရမှန်းမသိတော့ပါ။
သူကလည်း သူပဲ။ Ruto J၀င်ရင် ဖြစ်သွားတဲ့ အကြည့်ကို အရမ်း စွဲလန်းနေပြီလေ။ခဏခဏမြင်ချင်လွန်းတော့ ပြသနာတွေရှာ
ကြောက်တော့ကြောက်ပေမယ့် ဆက်ရှာနေဆဲပဲ။
Doyoung hyungနဲ့ ပတ်သက်ပြီး ခဏခဏ အမြင်မကြည်ဖူး။
မကြည်တာလည်း မပြောနဲ့ ကျနော့်first kissကို doyoung hyungရသွားတယ်လို့ထင်နေတာလေ။
Doyoung hyungလို့ထင်တာပဲကောင်းပါတယ်။Rutoစိတ်ေကာက်မပြေတဲ့အဆုံး
Studioထဲက ထွက်ထွက်ချင်း Hyungတို့လည်း အဆင်မပြေပါစေနဲ့လို့ ဂျောင်ဝူးဆုတောင်းလိုက်၏။နောက် ငါးမိနစ်လောက်သာ ထပ်ချော့ရင်
စိတ်ကောက်ပြေမယ်လို့ ပြင်ထားသော harutoလေးသည် studioခန်းထဲ ခုံပေါ်မှာ ကြောင်ကြောင်လေးကျန်နေခဲ့၏။
/////////////////////////////////////////////////////////////////Park Jeongwoo၏ ဆုတောင်းကို တယောက်ယောက် ကြားသွားတယ်ထင်ပါရဲ့
တဖက်အခန်းတွင်လည်း
Kim doyoung shi ခင်ဗျားနဲ့ ကျနော် စတွေ့တုန်းကကော ကျနော်က ဘယ်လိုလေးလဲ။
Do "အင်း သူများလေ့ကျင့်ရေးအခန်းမှာ လာကျင့်တဲ့ကလေးလေး။ ၀တ်ထားတဲ့ uniformအဖြူတောင် ချွေးတွေနဲ့ ကပ်ရပ်နေပြီး မီးအလင်းရောင်က ချွေးတွေကို စိန်ပွင့်လေးတွေလို တလက်လက်ဖြစ်အောင်လုပ်ပေးနေသလို။နောက် အဲတုန်းက တွေးလိုက်မိသေးတယ် ဒီကလေးက groupတခုခုမှာတော့debutဖြစ်မှာလို့။ ဘယ်သိမလဲ ငါတို့အငယ်ဆုံးလေးဖြစ်လာမည်လို့"