Yoshihwan

52 9 0
                                    

ဘူဆန်ရဲ့ကမ်းခြေဟာ နေရောင်ခြည်လေးနဲ့ တလက်လက် ရွှေရောင်ဖြန်းသလို လှပနေ၏။

ထိုကမ်းခြေမှာပဲ ထိုင်ကာ ပန်းချီဆွဲနေတဲ့ လူလတ်ပိုင်းအရွယ် ကောင်လေးတစ်ယောက်ရှိလေရဲ့။

တောက်ပနေတဲ့ကမ်းခြေကို လှိုင်းတွေထန်နေပြီး
မုန်တိုင်းလာတော့မယ့် ကမ်းခြေလိုမျိုးဆွဲနေတဲ့သူ့ကို လူတိုင်းက ထူးဆန်းတယ်လို့ ထင်နေကြသည်။ထိုအထဲ တွင် So Junghwanဆိုတဲ့ ကမ်းခြေနား ယောင်လည်ယောင်လည်လုပ်နေသောကလေးလည်း ပါ၀င်၏။
VIP ဧည့်သည်မို့သာ ဒီလောက်စိတ်ရှည်ပေးနေတာကို။

ပန်းချီကို လက်စသတ်ပြီး ယောင်လည်လည်လုပ်နေတဲ့‌ေကာင်လေးကို တချက်ကြည့်လိုက်၏။

So: "မဂ်လာပါ ကျွန်တော်က Junkyu Hyungပို့လိုက်တဲ့ ဘူဆန် guide So Junghwanပါ။"

Yoshi: *လုပ်ပြန်ပြီ၊ ငါတစ်ယောက်ထဲနေချင်လို့ကို တစ်ယောက်ထဲ ထွက်လာပါတယ်ဆိုနေမှ*

Yoshi: "ရတယ် ကောင်လေး ကိုယ်တစ်ယောက်ထဲ သွားတက်လာတက်တယ်၊ guideလိုနေရအောင် အကိုက အပန်းဖြေဖို့လာတာမဟုတ်ဖူး။မင်းကိုလည်း Kim Junkyuနဲ့ တိုင်မပြောဖူး၊ပြန်လို့ရတယ်။"

So: "အကိုက ဂျပန်ထင်တယ်၊ အသံနည်းနည်းဝဲတယ်။Junkyu Hyungကောင်လေးTakataနဲ့သိတာထင်တယ်။"

Yoshi: "Mashiသူငယ်ချင်း အကိုက၊ကောင်လေး မင်းကိုယ့်ဘာသာပြန်လို့ရတယ်။"

So: "အကို ခုနကပြောတယ်နော်၊ အပန်းဖြေဖို့လာတာမဟုတ်ဖူးလို့၊စိတ်ကို လွှတ်ချဖို့ ဆိုရင်လည်း အဲလိုနေရာတွေလိုက်ပြမယ်။ကျယ်လွန်းတဲ့ပင်လယ်ကြီးတောင် မုန်တိုင်းထန်အောင်ဆွဲနိုင်တဲ့ ခင်ဗျားကို တောင်တန်းတွေဘက်ခေါ်ပြမယ်။လိုက်ရဲလားဗျ။ အဲအချိန်ထိမှ ခင်ဗျားစိတ်ကိုလွှတ်မချနိုင်သေးရင် ကျွန်တော်ဘူဆန်guideမလုပ်တော့ဖူး။"

ကိုယ့်စီးပွားရေးနဲ့ကိုယ်အပြင် ကိုယ် မြတ်နိုးဖူးသူကလည်း အေးအေးဆေးဆေးလေးနေတက်သူမို့ ဒီလောက်စကားများတဲ့ လူ ဒီတစ်ခါတွေ့ဖူးသေးတယ်။သူ့အကို၀မ်းကွဲ ကိုယ့်သူငယ်ချင်းရည်းစားဆိုလည်း သူ့ရည်းစားကိုသာ စကားတွေပေါက်ပေါက်ဖောက်တာ ကျန်တဲ့သူတွေဆို အဖတ်တောင်လုပ်တာမဟုတ်။အသဲကွဲနေတာတောင် သူ့ကြောင့်ဘယ်ရောက်မှန်းမသိ။

အပိုင်းတိုစလေးများWhere stories live. Discover now