နွေရာသီ🎐🎐
ပုဇဉ်းရင်ကွဲအသံတွေနဲ့ဆူညံနေလို့ တချို့က မကြိုက်ကြပေမယ့် ဘောလုံကစားရတဲ့ကြိုက်တဲ့ကျွန်တော်ကတော့ နွေရာသီကို အရမ်းသဘောကျတယ်။
ဒီတစ်ခေါက်နွေရာသီမှာတော့ လွမ်းမောဖွယ်ရာလေးတွေ ဖြစ်သွားလိမ့်လို့ ဘယ်သူမှ မထင်မိခဲ့ပါဖူး။ဒီနေ့လည်း ခါတိုင်းနည်းတူ Asahiတစ်ယောက် ရပ်ကွက်က ဘောလုံးကွင်းပြင်ထဲမှာ တစ်ယောက်ထဲ ကန်နေလေ၏။
ညနေစောင်းမှ လာကြမယ့် သူငယ်ချင်းများကို စောင့်မျှော်နေရင်း ကုန်းမြင့်ပေါ်က မြက်ခင်းမှာ လာထိုင်တဲ့ကောင်မလေးစီ sahiမျက်လုံးရောက်သွား၏။မျက်မှောင်ကြုတ်ပြီး အလေးအနက်တွေးနေတဲ့ သူမပုံစံက သူတွေ့ဖူးတဲ့မိန်းကလေးနဲ့မတူ။ ခေါင်းစီးကြိုးနဲ့မမှီပဲ ကျနေတဲ့ ဆံနွယ်တွေကို လက်နဲ့ ပင့်ပင့်တင်နေလေရဲ့။
ကြည့်နေမိတာ အတန်ကြာတော့ သူမ သတိထားမိသွားပြီးကျွန်တော်ကို ဘုကြည့်ပြန်ကြည့်လေရဲ့။Sahi: "တူတူ ကစားမလား။"
ယနေ့က Yoon Jaehyukအတွက် အိမ်မက်ဆန်တဲ့အရာတွေပဲဖြစ်နေတဲ့နေ့
ဘယ်သူကိုများ သူအမှားလုပ်မိပါလိမ့်။
ရုတ်တရက်ကြီး ဂျပန် နိုင်ငံကို ရောက်သွားလေရဲ့။ဒါတောင် ကိုယ့်ခန္ဓာကိုယ်နဲ့ကို မဟုတ်။
ဘယ်ကမှန်းမသိတဲ့ ကောင်မလေးခန္ဓာကိုယ်နဲ့။
Hikariဆိုတဲ့ ကောင်မလေးခန္ဓာကိုယ်နဲ့ နိုးထလာသော သူ။
တမနက်လုံးထိုင်စဉ်းစားလည်း ဘာမှ ထွက်မလာ။ တိုကျိုကနေ Osakaက အဘွားအိမ်အလည်လာတယ်ဆိုတာတခုပဲသိသေးတယ်။
အိမ်ကလူတွေရိပ်မိမှာဆိုလို့ ထမင်းစားပြီးတာနဲ့
အိမ်က ထွက်လာခဲ့တယ်။ စိမ်းစိုနေတဲ့ မြက်ခင်းပြင်နဲ့ပန်းတွေက Jaehyukစိတ်ကို တဖြေးဖြေးတည်ငြိမ်လာစေတယ်။
ဆံပင်မစီးတက်စီးထားရင်း ကျလာတဲ့ စိတ်ရှုပ်နေရင်း စိုက်ကြည့်တဲ့ကောင်လေးကြောင့် ပြန်ဘုကြည့် ကြည့်ပေးလိုက်တယ်။ယခုက မိန်းကလေးဖြစ်နေတော့ ရန်လည်းဖြစ်မရချင်းအတူတူ စိတ်ထွက်ပေါက်ရအောင် ဘောလုံးပဲ ပစ်ပစ်ကန်နေမိ၏။
Ikuto: "Wow,မိန်းကလေးတစ်ယောက်က ဒီလိုကန်နိုင်တာ ခုမှ မြင်ဖူးတယ်။Hi kun မင်းဘယ်က ခေါ်လာတာလဲ။ နိုင်ငံတော် လက်ရွေးစင်ထဲကတော့ မဟုတ်ပါဖူးနော်။"
![](https://img.wattpad.com/cover/365755787-288-k425359.jpg)