လေးထပ်တိုက်ရဲ့ အပေါ်ဆုံးနှစ်ထပ်က Kiloဆိုတဲ့ ကုမ္ပဏီရဲ့Iksanရုံးခွဲလေး။
အောက်က နှစ်ထပ်က Educationဆိုတဲ့
ကျူရှင်ဆောင်လေး။
နေ့တိုင်းနေ့တိုင်း ၀င်ထွက်နေတဲ့ ကျောင်းသားတွေရယ်၊ ရုံး၀န်ထမ်းတွေရယ်က ညနေတိုင်းရဲ့ မြင်ကွင်းလေးတစ်ခုသာ။ထိုမြင်ကွင်းကို ကြည့်နေတဲ့ Harutoဆိုတဲ့ 26နှစ်အရွယ် လူလတ်ပိုင်းတစ်ယောက်ကတော့ ညနေစာအတွက် convenience storeမှာ ။
သူ့စီတရွေ့ရွေ့လာနေကြတဲ့ ကျောင်းသားတွေကို ငေးနေရာမှ ထပြီး ပြန်ရန် ပြင်လိုက်သည်။
တိုက်ခန်း ရှေ့ရောက်မှ သော့သည် convenience storeမှာ ကျန်ခဲ့မှန်းသိလိုက်ရသော Harutoသည် မခံစားရတာ ကြာပြီဖြစ်တဲ့
စိတ်လှုပ်ရှားမှုနဲ့ထိတ်လန့်မှုကို တစ်ပြိုင်နက်ခံစားလိုက်ရ၏။ခေါင်းထဲ ပလုံစီ ၀င်လာတာက ငါဒီနေ့ ဘယ်သွားအိပ်ရမလဲ။ ခုနေ ပြန်သွားရှာရင် မီုပါအုန်းမလား။ဘေးအခန်းကိုပဲ အကူအညီတောင်းရမလား။ အဲလိုဆိုတော့ လည်း ဘေးအခန်းက ဘယ်သူမှန်းလည်းမသိ။
အိမ်တံခါးကို မှီပြီး ခေါင်းငုတ်ပြီး စဉ်းစားနေချိန် ဖိနပ်ဖြူဖြူလေးက မျက်စိရှေ့ရောက်လာ၏။
မော့ကြည့်တော့ Doraemon keychainလေးနဲ့ ကျွန်တော့် အိမ်သော့။ထိုနောက်က အဝါရောင် ကျောင်းuniformနဲ့ ကောင်လေးတစ်ယောက်။Woo: "Hyungရဲ့ဟာ မလား။ ကျွန်တော်လိုက်ပေးဖို့ လုပ်တော့ hyungက မရှိတော့တာနဲ့။ အခန်းပြန်ရောက်မှ ပေးမယ်ဆိုပြီး ယူထားလိုက်တာ။"
Ruto: "ကျေးဇူးပါ။ ဒါနဲ့ မင်းက...."
Woo: "ကျွန်တော်က ဘေးအခန်းကပါ။ Park jungwooလို့ခေါ်ပါတယ်။Hyung နာမည်ကကော။"
Ruto: "ငါနာမည်က Haruto Watanabe။"
Woo: "Omm Hyungကို တွေ့တယ်။Kiloက
၀န်ထမ်းမလား။"Ruto: "အင်း။သော့ အတွက်ကျေးဇူးပဲ။ နောက် တစ်ခါတွေ့မှ မုန့်၀ယ်ကျွေးတော့မယ်။"
Woo: "နေပါ။ ခုHyungအိမ်မှာ အချိုရည်ရှိလား။ရှိရင် အဲဒါပဲတိုက်တော့။ Hyungတခြားနေရာ သွားနေမှာ ဆိုးတာနဲ့ စက်ဘီးကို အမြန်နင်းလာရတာ မောတာ။"
Ruto: "အဲဒါဆိုအိမ်ထဲ ခဏ၀င်အုန်း။"
🚪🚪🚪🚪🚪🚪🚪🚪🚪🚪🚪🚪