YoshiKyu😼💜

34 6 0
                                    

စိတ်ညစ်စရာရှိတဲ့ နေ့တွေဆို ပိုရီမိတယ်။
တက္ကသိုလ်ကျောင်းသားတစ်ယောက်က ဘာတွေများစိတ်ညစ်စရာရှိလဲလို့ မေးလိမ့်မယ်။
Kim Junkyuဆိုတဲ့ ကိုယ့်အဖို့က ပြဿနာဆိုတာနေ့တိုင်းပဲ။ အချစ်ရေးမှာက 1500‌‌ေကာ528‌ေကာ ကံမကောင်းဖူး။
‌ကျောင်းမှာ ဖြစ်ပျက်သမျှက အကုန်ပြဿနာတွေပဲ အဆောင်ကနေ ဖြစ်နိုင်ရင် အပြင်မထွက်ချင်ဖူး။ တစ်ယောက်ထဲနေရတဲ့အဆောင်က Junkyuရဲ့ safe zoneပေ့။

🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️

ဒေါက်.............ဒေါက်..............

Junkyuတံခါးသွားဖွင့်လိုက်တော့ မျက်မှန်လေးနဲ့ အူကြောင်ကြားလေးတစ်ယောက်။

Yoshi: "အာညော်၊ငါက Kanemoto Yoshinoriပါ။Yoshiလို့ခေါ်လို့ရတယ်။ ဒီအခန်းကို ခုပြောင်းလာတာ။"

Junkyuလည်း မယုံနိုင်လို့ အဆောင်မှူးဖုန်းဆက်မေးတော့
Someone: "အေး ဒီနှစ် ၀င်ခွင့်အောင်တဲ့ ကလေးတွေများတယ်။ အခန်းမလောက်တော့လို့ မင်းထဲ တစ်ယောက်ထည့်လိုက်တယ်။ လူကြီးမင်း Kimကိုလည်း ပြောပြီးပြီရယ်။"

Jun: "ကျစ် ဒီလူကြီးက အများအမြင်ကောင်းအောင်ဆိုရင် အရမ်းလုပ်ချင်တယ်။"

Jun: *ကောင်လေးပုံစံက ရိုးရိုးသားသားလေးပါပဲ။
တစ်နှစ်တော့ သည်းခံလိုက်တာပေ့။Fighing Junkyu*

အခုထိ အခန်းရှေ့ ကြောင်တောင်တောင်လေးလုပ်နေသောသူကို ကိုယ်ပဲအထဲခေါ်လိုက်တော့တယ်။

Jun: "ငါ့အခန်းမှာနေမယ်ဆိုရင်
ဆူညံတာမကြိုက်ဖူး။
တခြားသူငယ်ချင်းတွေခေါ်လာတာမကြိုက်ဖူး။
ငါကို မလိုအပ်ပဲ စကားလာမပြောရဖူး။"

Yoshi: "ဒါနဲ့ နာမည်က ဘယ်သူလဲ။ နာမည်တော့ မေးလို့ရတယ်မလား။

Jun: "ငါနာမည် Kim Junkyu စီးပွားစီမံ ဒုတိယနှစ်။"

Yoshi: "အာ ကျွန်တော်က ဆေး ပထမနှစ်ပါ။"

Jun: "အင်း။ လုပ်စရာရှိတာလုပ်တော့။"

Jun: *အငယ်လေးကို အမိန့်ပေးရတာလဲ ပျော်ဖို့ကောင်းသားပဲ။*

ဂိမ်းဆော့မယ် လို့ လုပ်ထားပေမယ့် အသံမထွက်အောင်ကြိုးစားပြီး အခန်းရှင်းနေတဲ့ တစ်ယောက်စီမှာပဲ စိတ်အာရုံက ရောက်နေလေရဲ့။

အပိုင်းတိုစလေးများWhere stories live. Discover now