Final

40 4 0
                                    

Jihoon အသည်းသည် ဟပ်တက်တင် မဟုတ်
အစိတ်စိတ် အမွှားမွှားကို ကွဲသွားပါသည်။

သူ့ကို စတွေ့တော့ Yuoseiကျောင်းသားသစ်ကြိုဆိုပွဲမှာတင်။
စင်ပေါ်မှာ ကနေ‌တဲ့ သူက အရမ်းကို လှပလွန်းနေခဲ့တယ်။ မြင်မြင်ချင်းပဲ ချစ်မိတယ်ဆိုပေမယ့် အရင်ကတည်းက သိနေသလို ရင်းနှီးနေခဲ့သည်။စင်ပေါ်က ဆင်းတာနဲ့ သူ့ကို jihoonလိုက်ရှာနေခဲ့တယ်။ ကံကြမ္မာလို့ပြောရမလား။ မီးပန်းဖောက်တဲ့အချိန်မှ သူက မီးရောင်တွေကြားမှာ။
စိတ်ပဲထင်လို့လားမသိ ကျွန်တော်နဲ့အကြည့်ချင်းစုံနေသလို။မေမေပြောဖူးတယ် မီးပန်းဖောက်တဲ့အချိန်မျက်လုံးချင်းစုံမိရင် အဲနှစ်ယောက်က အတွဲဖြစ်တက်တယ်တဲ့။

ခုတော့ အမေရေ ကောင်းကင်ဘုံကနေ လာကြည့်ပြီးပြောလိုက်အုန်း။ နောက် အမေ့တူကလည်း အားကိုမကိုးရဖူး။တော်ပြီ။အရင်အိမ်ကိုပဲ ပြန်သွားနားတော့မယ်။
ကျောပိုးအိတ်လေးထဲ အရေးကြီးတာလေးထည့်ပြီးနောက် Busanက အရင်နေအိမ်ကို ပြန်ပြေးလေ၏။

ရထားပေါ်တွင်လည်း သူဘေးက ထိုင်တဲ့အန်တီကြီးကို
Ji: "အန်တီရယ်။စဉ်းစားကြည့်ပါအုန်း။ကျွန်တော်သူ့ကိုဒီလောက်ချစ်တာ။ စာပို့တာ ငါးစောင်ရှိပြီ။SNSထဲမှာလည်း Morningဆို Morning Goodnightဆို goodnight။ဒီနေ့ဘာလုပ်လဲ။ ကိုယ်ကတော့ ဘာလုပ်တယ်။ မင်းကိုတွေးနေတယ်။ ဒီနေ့ random danceတွေတွေ့တော့မင်းများပါမလားလို့ကြည့်ခဲ့သေးတယ်တို့ ။အန်တီရယ်။စဉ်းစားကြည့်ပါအုန်း။ကျွန်တော် သူ့ကို အရမ်းချစ်တာလေဗျာ။စစတွေ့ချင်းကတည်းကချစ်တာလေ။ဂျူနီယာလေးတွေကိုအက‌သင်ပေးနေတဲ့ သူပုံစံနဲ့ ကျွန်တော့်ကိုငြင်းလိုက်တဲ့သူပုံစံက ကွာလိုက်တာ။"

မေ့‌လိုက်ပေ့။

Ji: "ကျွန်တော်မှ မေ့မရတာ။ဟင့်.......ဟင့်။"

ဘူဆန်ရောက်မှ ရပ်သွားသော ထိုဆွေးနွေးပွဲကြီးမှာ လိုင်းပေါ်တွင်တော့ ပလူပျံနေပါတော့သည်။အကြောင်းရင်းမှာကာ
သူ့ရှေ့ကခုံမှာ vlogရိုက်နေသောကောင်လေးမှာ Jihoonအပြောမှာတင်မြောပြီး ရိုက်နေမိလို့ပင်။
Park Jihoonမှာကား အိမ်ရောက်တာနဲ့ ငိုယိုပြီး အိပ်ပျော်သွားလေရဲ့။

အပိုင်းတိုစလေးများWhere stories live. Discover now