အပိုင်း-14

2.6K 251 27
                                    

ဘွားဘွားကထိုင်းကဖန်ပြွန်သန္ဓေသားဆောင်ချင်သူတွေကြားမှာနာမည်ကြီးတဲ့ဆရာဝန်တစ်ယောက်နဲ့ချိတ်ဆက်ပေးတယ် သူပြောတဲ့နည်းလမ်းအရဆို
အန်တီ့ရဲ့မျိုးဥနဲ့ ဓါတ်ခွဲခန်းမှာရှိတဲ့ spermနဲ့ရောပြီး သန္ဓေအောင်အောင်လုပ်ကာ ထို အောင်သွားတဲ့သန္ဓေသားလောင်းကို မှူးဗိုက်ထဲကိုထည့်ပြီးကိုယ်ဝန်ဆောင်စေမှာဖြစ်တယ်

(ကျွန်မလဲ ဖန်ပြွန်သန္ဓေသားအကြောင်း Googleကနေရှာဖွေလှန်လောပြီးရေးထားတာပါ အကယ်၍ကိုယ်သိထားသလိုလေးနဲ့များလွဲနေရင် ဆောတီးခ)

လေယာဥ်ကွင်းထဲယောင်လည်လည်ဖြစ်နေတဲ့မှူး
လေယာဥ်ကွင်းထဲရောက်ဘူးတာရော စီးမှာရောက ဒါပထမဆုံးအကြိမ်ဖြစ်မှာမို့ မှူးမှာလေယာဥ်ကွင်းထဲမျက်စိသူငယ်နားသူငယ်နှင့်ဘယ်သွားရမယ်မသိဖြစ်​နေသည်
Luggageလေးကိုလက်မှာကိုင်ထားရင်း ဟိုငေးဒီငေးနှင့်အန်တီလာမှာကိုစောင့်နေမိသည်
စောင့်နေတာကြာပြီ မလာသေးတာမို့ အန်တီ့ကိုဖုန်းအကြိမ်ကြိမ်ခေါ်နေမိသည် သို့သော် အန်တီကမကိုင်
အကြိမ်ပေါင်းများစွာခေါ်ပြီးကာမှ

'ဟယ်လို အန်တီ မှူးဖုန်းခေါ်နေတာကြာ...'
'မင်းဘယ်လိုဖြစ်နေတာလဲ ညှိုးဘွဲ့မှူး ငါဖုန်းမကိုင်ဘူးဆိုတာမအားလို့မကိုင်တာမှန်းမင်းမသိဘူးလား မင်း ဒါလေးတောင်အလိုက်မသိဘူးလား ဟမ် မင်း ဖုန်းတဂွမ်ဂွမ်ဆပ်နေတာ ဒီမှာအလုပ်အပ်သူတွေနဲ့စကားပြောနေတာဘယ်လောက်တောင်အားနာဖို့ကောင်းလဲ'
'မဟုတ်ပါဘူး မှူးကလေယာဥ်ချိန်နီးနေပြီမို့ အန်တီမလာသေးလို့ စိတ်ပူလို့'
'မင်းဘာသာသွားနှင့် ငါနောက်လေယာဥ်နဲ့လိုက်ခဲ့မယ်'
'ဟင် မှူးမှ'
'ti ti'

မှူးစကားကိုဆုံးအောင်တောင်နားမထောင်ပဲတစ်ဖက်ကဖုန်းချသွားလေပြီ

'မှူးမှတစ်ယောက်ထဲမသွားတတ်တာ'

စိတ်ပျက်အားငယ်စွာဆိုမိရင်းငုတ်တုတ်ထိုင်ချလိုက်ကာ ခေါင်းငုံထားမိတော့သည် ငါတစ်ယောက်ထဲဆိုတဲ့အထီးကျန်မှု့ကြီးက မှူးစိတ်ကိုကြီးစိုးသွားသည်
အထီးကျန်မှု့နဲ့အတူအေးစက်မှု့တို့ကမှူးကိုလွှမ်းခြုံလာပြီး ရလဒ်အနေနဲ့ မျက်ဝန်းမှမျက်ရည်စတို့ကလျံကျလာတော့သည် မှူးအလွန်ဝမ်းနည်းနေသည်
သို့ပေမဲ့ မှူးရှေ့မှာလာရပ်တဲ့ခြေထောက်တစ်စုံ
အန်တီများလား

Lovestop(Complete)Where stories live. Discover now