တစ်ယောက်က တစ်ယောက်ရဲ့ စိတ်သက်ဝင်ရာလေးပါပဲ။
အသေးစိတ်ကျကျပြောရမယ်ဆို တစ်ယောက်ရဲ့ " မျက်နှာ " က တစ်ယောက်အတွက်တော့ စိတ်သက်ဝင်ရာလေးပဲ။သူတို့ပထမဆုံး တွေ့ခဲ့တဲ့ပုံကလည်း ရိုးရိုးရှင်းရှင်း။
ဟန်ဒုံမင်းက တက္ကသိုလ်နှုတ်ထွက်စာတင်ပြီး ထွက်လာခဲ့တဲ့လမ်းမှာ လည်သာဂျက်ကတ်ဝတ်ပြီး ဖြတ်သွားတဲ့ ကင်မ်ဒုံဟျွန်းကို လှမ်းမြင်လိုက်တယ်။ ကင်မ်ဒုံဟျွန်းကတော့ hot pink အရောင် beanie ကို ကျကျနန စွပ်ဝတ်ထားပြီး ဖလန်းဖလန်းဖြစ်နေတဲ့ ဟန်ဒုံမင်းကို လှမ်းမြင်ခဲ့တယ်။
မြင်မြင်ချင်း တွေးမိခဲ့တဲ့ အတွေးကတော့ နှစ်ယောက်လုံးအတွက် တစ်သားတည်း... ။* ချောတော့ ချောသားပဲ *
အပြုအမူအရဆိုရင်တော့ မြင်မြင်ချင်း ကြွေဆင်းသွားလို့ ဒီအတိုင်း ကောက်တွဲလိုက်တယ်ထင်ရပေမဲ့ အမှန်တကယ်တော့ သူတို့နှစ်ယောက်လုံး အဲ့လို type မျိုးမဟုတ်ပါဘူး။
စစပိုင်းမှာ ဟန်ဒုံမင်းက ရည်းစားထား အချိန်ဖြုန်းဖို့အတွက် လုံးဝ အာရုံမရှိပဲ ကင်မ်ဒုံဟျွန်းကတော့ အလယ်တန်းကျောင်းကစလို့ တက္ကသိုလ်အထိ မိန်းကလေးသီးသန့် ထည်လဲတွဲခဲ့ရင်း Campus Playboy လေး Title ကို အပိုင်သိမ်းထားခဲ့တယ်။ ဒါကြောင့် သူတို့ စစတွေ့ပုံက မြှားနတ်မောင်ရဲ့ စနက်တော့ သေချာပေါက် မဟုတ်လောက်လို့ အရာရာက ပေါ့ဆလွယ်ကူစွာပါပဲ။ဒုံမင်းတစ်ယောက် တက္ကသိုလ်ကနေ နှုတ်ထွက်ခဲ့တာ 3 လစွန်းစွန်း... သူ တစ်ယောက်တည်း Studio ထဲမှာ သီချင်းတွေကို ရူးရူးသွပ်သွပ်လုပ်နေတဲ့အချိန်မှာ ဒုံဟျွန်းကတော့ ကော်ဖီဆိုင်သေးသေးလေးမှာ အချိန်ပိုင်း အလုပ်ကို စလုပ်ခဲ့တယ်။
ဒုံဟျွန်းအလုပ်လုပ်နေတဲ့ကော်ဖီဆိုင်နဲ့ studio က လမ်းလျှောက်သွားမယ်ဆိုရင် ဆယ်မိနစ်လောက် အကွာအဝေးဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒုံမင်းက စတော်ဘယ်ရီလာတေးကို တောင့်တလာခဲ့တယ်။ဒုံမင်းတစ်ယောက် လမ်းတစ်လျှောက် ဟိုကြည့်ဒီကြည့်ရှာဖွေလာရင်းက ကော်ဖီဆိုင် ခပ်သေးသေးမှာ ရောင်းနေတဲ့ စတော်ဘယ်ရီလာတေးကို တွေ့ရှိသွားပြီး ဆိုင်လေးအတွင်းထဲကို ဝင်သွားတော့
မျက်နှာကျက်ပေါ်က တဝှီဝှီလည်နေတဲ့ ပန်ကာကို အထူးအဆန်းလိုမျိုး စိတ်ဝင်တစားကြည့်နေတဲ့ ဒုံဟျွန်းကိုတွေ့ခဲ့ရသည်။
YOU ARE READING
좋을 땐 또 뭐가 그리 좋다고 | Gongfourz
Fanfiction좋을 땐 또 뭐가 그리 좋다고 원저자 : @xximxee [ https://posty.pe/ea3ea4 ] 번역 : @nxtdotcom