ဒုံဟျွန်းက ဒုံမင်းထွက်သွားတဲ့အထိစောင့်ရင်း အိပ်ပျော်သွားခဲ့တယ်။ သူနိုးလာတဲ့အချိန်မှာတော့ သူ့ပေါ်မှာ ဟန်ဂရိုဒုံအရုပ်နဲ့ စောင်တစ်ထည်ကလွှားလျက်သားပဲ။
ဟန်ဂရိုဒုံစောင်.. ဒါက ဟန်ဒုံမင်းရဲ့ ဥစ္စာ။ ဒုံမင်းနဲ့ သူ ဂျပန်ကို ခရီးသွားတုန်းက နှုတ်ခမ်းထူတဲ့ ငါးနဲ့တူတယ်ဆိုပြီး ဆင်တူဝယ်လာခဲ့တဲ့ ဟန်ဂရိုဒုံမျက်ခွက်နဲ့ စောင်။
အခုထိ ဒုံမင်းဆီမှာ ဒါရှိနေဦးမယ်လို့ မထင်မှတ်ထားခဲ့ဘူး။ ကာရိုက်တာကို ဘယ်လောက်ကြိုက်ကြိုက် ပစ္စည်းပစ္စရတွေအပေါ် ကာရိုက်တာအရုပ်တွေရှိနေတာကို မကြိုက်တတ်တဲ့ ဒုံမင်းက အထူးသဖြင့် လမ်းခွဲပြီးသား ဆက်ဆံရေးနဲ့ပတ်သက်တဲ့ ပစ္စည်းဖြစ်တာကြောင့် သေချာပေါက်လွှတ်ပစ်လိုက်ပြီပဲ ထင်ထားတာ။
ဒုံဟျွန်းက အဲ့စောင်ကို အမြန်လိပ်လိုက်ပြီး အပြင်ကိုပြေးထွက်လာခဲ့သည်။ အကယ်၍များ ဒုံမင်းတစ်ယောက် ဒီပတ်ဝန်းကျင်မှာပဲရှိနေဦးမလားဆိုတဲ့ စိတ်နဲ့ပေါ့။ စေ့စပ်တဲ့ အကျင့်စာရိုက်ရှိတဲ့ ဒုံမင်းက သူ့ကို စောင်လာခြုံပေးပြီး ညနက်ကြီး လွမ်းကြောင်းစာပို့တယ်ဆိုတော့ တစ်ဖက်တစ်လမ်းနဲ့ ငါဒီပတ်ဝန်းကျင်မှာပဲ စောင့်နေမယ်လို့ အရိပ်မြွက်ပြတာလည်းဖြစ်နိုင်တာပဲ။
ထိုအခိုက်..။
alarm အသံနဲ့အတူ noti bar ပေါ်တက်လာတဲ့ နိုတီတစ်ခု။Ts___moun@@ is going live
Noti ကိုထောက်ကြည့်ပြီး ဝင်သွားတော့ ထပ်ပြီး live လွှင့်နေပြန်သော အရှုံးပေါ်မဲ့ကောင်။ ဟန်ဒုံမင်းရဲ့ လေဘယ်လ်က live လွှင့်ခိုင်းရတာကိုတော်တော်ကြိုက်တဲ့ပုံပဲ။
YOU ARE READING
좋을 땐 또 뭐가 그리 좋다고 | Gongfourz
Fanfiction좋을 땐 또 뭐가 그리 좋다고 원저자 : @xximxee [ https://posty.pe/ea3ea4 ] 번역 : @nxtdotcom