ဒီလိုနဲ့ သူတို့က အဓိပ္ပါယ်မရှိလှတဲ့ UK ခရီးစဉ်ကို အတူတူသွားဖြစ်ခဲ့ကြပါသည်။ ဒုံမင်းတွေးထားခဲ့သလိုမျိုးတော့ ပြန်မပြေလည်ခဲ့ကြပေမဲ့ ထူးထူးခြားခြား ရန်လည်း မဖြစ်ခဲ့ကြဘူး။ ဒီအတိုင်း 20ပတ်လည် ယောက်ျားစစ်စစ်ကြီးနှစ်ယောက်ခရီးအတူတူထွက်လာတယ်ဆိုတဲ့ ခံစားချက်ပဲ။
ခရီးရဲ့ အစကတော့ ညစ်ပတ်ဖို့ကောင်းလောက်အောင် ချောချောမွေ့မွေ့။ carrier နှစ်ခုရှိပြီး နှစ်ယောက်လုံးက ကိုယ့် carrier ကိုယ်သယ်ရင်း ခရီးဆက်ခဲ့တယ်။ suite room ထဲ အိပ်ယာတစ်ခုတည်းရှိပေမဲ့ ဒုံမင်းက အရင်အိပ်ပျော်သွားပြီး ဒုံဟျွန်းက ညလုံးပေါက် နုတ်ဘွတ်အပေါ် တစ်စုံတစ်ရာချရေးနေတာနဲ့ နောက်ကျမှအိပ်ဖြစ်ခဲ့တယ်။ မနက်မိုးလင်းတော့လည်း ကော်ဖီအတူတူသောက်ရင်း နေထွက်တာအတူတူကြည့်နေတာတောင်မှ တစ်ယောက်ကို တစ်ယောက် စကားတောင် ဖြောင့်ဖြူးအောင်မပြောခဲ့ကြဘူး။
ထယ်ဆန်းဘက်ကနေ ဒီလို အေးတိအေးစက်ခရီးစဉ်ကြီးကို မမျှော်မှန်းခဲ့ပေမဲ့ ဒုံဟျွန်းရဲ့ သွေးအေးအေးတုံ့ပြန်မှုတွေကြောင့် သူတို့ကြား အရာရာဟာ ခြောက်ကပ်နေခဲ့တယ်။
ဒုံမင်းက ဒုံဟျွန်းကို မေးခွန်း ငါးခုမေးတဲ့အချိန် ဒုံဟျွန်းကတော့ အဲ့ဒီ့မေးခွန်း ငါးခုလုံးရဲ့အဖြေကို တစ်ခုထဲရောပြီး ဖြစ်သလိုပြန်ဖြေနေလေတယ်။ ဒုံမင်းတစ်ယောက် ကြိုးစားပန်းစားလေး ရိုက်ထားပေးတဲ့ပုံလေးတွေကို တင်တော့တင်ပေးပေမဲ့ ဒုံမင်းကိုတော့ tag တွဲခြင်း အလျဉ်းမရှိတော့ဘူး။ မသိရင် သူတစ်ယောက်တည်း ခရီးထွက်နေသလိုပဲ။
နှစ်ယောက်သား ဘားတူတူသွားတဲ့ အချိန်မှာတောင် ဒုံမင်းဘက်ကနေ တစ်စုံတစ်ရာအား တောင့်တနေတဲ့ မျက်ဝန်းတွေနဲ့ အကြည့်ချင်း မစုံစုံအောင် လိုက်ကြည့်ပေမဲ့ ဒုံဟျွန်းကတော့ အရက်တစ်ခွက်ကို ခပ်ပြင်းပြင်းမော့ရင်း အဲ့အကြည့်ကို ရှောင်လွှဲပစ်ခဲ့တယ်။ ဒုံမင်းက ဒုံဟျွန်းတစ်ယောက် မူးသွားပြီး သူ့ရင်ခွင်ထဲ လာမှီရင်း ဒရာမာထဲကလို နွေးထွေးတဲ့ ညလေးကိုပိုင်ဆိုင်ချင်ပေမဲ့ ဒုံဟျွန်းက အရက်ကို မူးတဲ့အထိလည်း မသောက်ခဲ့ပြန်ဘူး။
တကယ့်တကယ်မူးပေါက်ပြီး အရင်အိပ်ပျော်သွားတဲ့သူက သူပဲဖြစ်နေခဲ့တယ်။
YOU ARE READING
좋을 땐 또 뭐가 그리 좋다고 | Gongfourz
Fanfiction좋을 땐 또 뭐가 그리 좋다고 원저자 : @xximxee [ https://posty.pe/ea3ea4 ] 번역 : @nxtdotcom