아니 그런데 진짜로 갈까 말까 ㅡ 5

156 31 0
                                    

အင်စတာအကောင့်မှာ ဖော်လိုဝါတွေ တလွှားလွှားထောင်တက်လာနေပေမဲ့ သူ့ကို ဖောလိုးလုပ်ထားတဲ့အထဲ ကင်မ်ဒုံဟျွန်းက မရှိတော့ဘူး။ ဒါကိုကြည့်ရင်း သူ့ခေါင်းတွေက တဆစ်ဆစ်ကိုက်ခဲတက်လာပြီး ရင်ဘက်ထဲ အက်စစ်လာလောင်းသွားသလို ခံစားရလို့ ဖုန်းကို ဝုန်းခနဲ ပစ်ပေါက်ရိုက်ခွဲပစ်လိုက်တယ်။ နဂိုထပ် မှိန်ဖြသွားပြီး စခရင်ရဲ့ သုံးရာခိုင်နှုန်းလောက်ပဲကို မြင်နိုင်တော့တဲ့ အချိန်မှာ Alarm 2 ခုက ဆက်တိုက်တက်လာတယ်။

ပထမ Alarm က ဒုံမင်းတစ်ယောက် ဒုံဟျွန်းနဲ့အတူတူ UK ကို ခရီးထွက်ဖို့ ဘိုကင်ယူထားတဲ့ဆီက သတိပေးမက်ဆေ့ဖြစ်ပြီး ဒုတိယ Alarm ကတော့ ဒုံဟျွန်းဆီက " အထုတ်တွေလာသယ်တော့ " ဆိုတဲ့ မက်ဆေ့။

အဲ့အချိန်မှာ ဒုံမင်းရဲ့ ခေါင်းထဲကို ထောင်သောင်းချီတဲ့ အတွေးတွေ ပြေးလွှားဝင်ရောက်လာခဲ့တယ်။ အဲ့အတွေးတွေထဲက တစ်ခုကတော့ သူဒုံဟျွန်းမရှိပဲ အသက်ဆက်မရှင်နိုင်ဘူးဆိုတာဖြစ်ပြီး ဘယ်လိုနည်းလမ်း သုံးရသုံးရ ဒုံဟျွန်းကို သူ့ဘေးနားပြန်ခေါ်မယ်ဆိုတာပဲ။ အဲ့အတွေးကြောင့်ပဲ ဒုံမင်းနဲ့ ဒုံဟျွန်းရဲ့ လမ်းခွဲခြင်းခရီး ( လို့ခေါင်းစဉ်တပ်တဲ့ ပြန်လည်ပေါင်းထုတ်ရေး ခရီးစဉ်) ကို စတင်ပြင်ဆင်ဖို့ဖြစ်သွားလေသည်။

ဒုံဟျွန်းကိုတော့ ခရီးစဉ်က ကြိုတင်ပြီး ဘိုကင်လုပ်ထားတာကြောင့် ကန်ဆယ်လို့မရဘူးဆိုတဲ့ လိမ်ဆင်ကို အကြောင်းပြချက်ပေးပြီး အတူတူခရီးထွက်ကြဖို့ အစီစဉ်ချတော့သည်။ UK မှာ သဘာဝကျကျလေး Mood ဖမ်းရင်း သူဘယ်လောက် နောင်တရမိကြောင်းတွေ ဒုံဟျွန်းကို လွမ်းတိုင်း ဘယ်လောက်တောင်မှ ရူးမတတ် နာကျင်ရပြီး ဒုံဟျွန်း တစ်ယောက်တည်းကိုပဲ လေးလေးနက်နက်ချစ်ရပါတယ်ဆိုတဲ့ အကြောင်းတွေပြောပြရင်း လှလှပပလေး ပြန်ပြေလည်ပြီး ရှန်ပိန်ခွက်တွေကို တိုက်လျက် အရင်ကလိုမျိုး
တစ်ယောက်ကိုတစ်ယောက် သေမတတ် တင်းကြပ်နေအောင် ပွေ့ဖက်ရင်း ကိုရီးယားကိုပြန်လာမယ်လို့ပုံဖော်လိုက်ပြီး ဒုံဟျွန်းကိုသူ DM ပို့လိုက်တယ်။

" ဒုံဟျွန်း ငါအခုအဲ့ဒီ့ကိုလာရမလား?? "

" ? မင်းက ဘာလို့ ㅋ ဒလီသမားကိုပဲ လိပ်စာပေးပြီးပို့ခိုင်းလိုက်မယ် "

좋을 땐 또 뭐가 그리 좋다고 | Gongfourz Where stories live. Discover now