ဟန်ဒုံမင်း၏ ရှူထောင့်။ဒုံမင်းက ဒုံဟျွန်းရဲ့ ရုတ်တရက်ဆန်တဲ့ လမ်းခွဲခြင်းအား အထွေအထူးမပြောပဲ လိုက်နာရခြင်းဟာ ဒုံဟျွန်းတစ်ယောက် သူမသိအောင် လမ်းခွဲဖို့ပြင်နေခဲ့တယ်ဆိုတာကို ရိပ်စားနေမိခဲ့လို့ပဲ။ အမှန်ဆိုရင် သူဆွဲထားရင် ဆွဲထားလို့ရမဲ့ အခြေအနေမှာရှိခဲ့တာ။ ဒါပေမဲ့ အဲ့လိုလုပ်ဖို့ ဆန္ဒသူ့မှာမရှိနေခဲ့ဘူး။
ဒုံဟျွန်း သူ့ကိုလမ်းခွဲဖို့ လုပ်နေပြီဆိုတာကို ရိပ်စားမိမိချင်းမှာ ပထမဆုံးတိုးဝင်လာတဲ့ အတွေးက သူအရမ်းပင်ပန်းနေပြီဆိုတာပဲ။ ဒုံမင်းကတကယ်ကို စိတ်ပိုင်းဆိုင်ရာအရကော ရုပ်ပိုင်းဆိုင်ရာအရပါ သိပ်ပင်ပန်းနေပြီ။ သူ့မှာလုပ်စရာတွေ တောင်လိုပုံနေပြီး Label ကလည်း သူ့ကို အရမ်းခိုင်းလွန်းလို့ ဒုံဟျွန်းလုပ်နေတဲ့ အရာတွေရဲ့ အကြောင်းအရင်းကို သူမစူးစမ်းဖြစ်ခဲ့ဘူး။ Label ကသူ့ရဲ့ music ကိုစိတ်တိုင်းကျလို့ ကမ်းလှမ်းလာတာထပ် သူ့ရဲ့ visual ကို ပိုစိတ်တိုင်းကျလို့ ကမ်းလှမ်းလာတာမို့ ဒုံမင်းကို " ရုပ်ချောတဲ့ ပရိုဂျူဆာ " ဆိုတဲ့ ဂုဏ်ပုဒ်ရဲ့အောက် Marketing ဆင်းခိုင်းပြီး သောက်ရေးမပါလှတဲ့ Instagram live တွေ ထုတ်လွှင့်ခိုင်းတော့တာပဲ။
ဒုံမင်းက ဒေါသထွက်တာတွေကို အောင့်အီးရင်း Live တွေကိုလွှင့်ရတဲ့အချိန်တိုင်း ဒါတွေက သူရဲ့ သီချင်းရေးရမဲ့ အချိန်ကို လုယူနေတယ်လို့ခံစားရစေတယ်။ အဲ့လိုကနေ နောက်ဆုံး Label က CEO နဲ့စကားများခဲ့ပြီး မှိုချိုးမြှစ်ချိုး ပိုးဆိုးပက်စက်ကို ပြောခံခဲ့ရတယ်။
" ဒီမှာ မင်းရဲ့ သီချင်းတွေကို အရမ်းထူးခြားပြီး မင်းရဲ့ vibe ကြောင့် ဒီနေရာရလာတယ်လို့ ထင်နေလောက်ပေမဲ့ တကယ်တမ်း မင်းလို သီချင်းမျိုးရေးတဲ့ ကောင်လေးတွေက ရိုက်သတ်လို့မကုန်အောင် ပေါသောနေတာ အဲ့ဒီ့ထဲကမှ မင်းက ရုပ်ချောလို့ အရွေးခံလိုက်ရတယ်ဆိုတာကို အသိစိတ်လေးဘာလေးကပ်ဦး "
ဒါက ဟန်ဒုံမင်း 25 နှစ်တိတိ အသက်ရှင်လာတဲ့တစ်လျှောက် သူ့စိတ်ကို အထိခိုက်စေဆုံး စကားပဲ။ အဲ့ထဲကမှ ဒေါသအထွက်ရဆုံးကိုပြောရရင်တော့ ဒီလိုစကားတွေပြောခံရတာတောင် ဘာပြန်ပြောလို့ ပြောရမယ်မှန်းမသိဖြစ်နေတဲ့ သူ့ကိုယ်သူပဲ။ လက်တွေ့မှာ သူနဲ့ ခပ်ဆင်ဆင်သီချင်းတွေလုပ်ပြီး SoundCloud ပေါ်တင်နေကြတဲ့ ဝါသနာရှင်ကလေးတွေများပြီး အဲ့ဒီ့ထဲကမှ ဒုံမင်းက ဒီ Label ကိုဝင်လာနိုင်တဲ့အကြောင်းအရင်းက သူ့ရဲ့ ထင်းထွက်နေတဲ့ ရုပ်ရည်တစ်ခုတည်းကြောင့်ပဲ။ အဲ့တာအပြင် ဒီ Label ကိုဝင်လာပြီးမှ အရင်ထပ် နေရာတစ်နေရာကို ရောက်သွားပြီး Label ကလုပ်ခိုင်းနေတဲ့ influencer အလုပ်ကြောင့်ပဲ သူပိုကောင်းပြီး စျေးကြီးတဲ့ Music Production Items တွေ ဝယ်နိုင်ခဲ့တယ်။ ဒါတွေအကုန်လုံးကို သူမြတ်နိုးတဲ့ MUSIC အတွက် ရင်းနှီးမြှုပ်နှံတယ်လို့တွေးပြီး Instagram Live တွေ အချိန်မှန်လေးလုပ်ရင်း ကျန်တဲ့အချိန်တွေမှာ သီချင်းရေးဖြစ်ခဲ့တယ်။ ဒုံမင်းက Music အပေါ်အရာရာ လောင်းကြေးထပ်ခဲ့ပြီး တဖြည်းဖြည်းအိမ်မပြန်ဖြစ်တဲ့နေ့ရက်တွေများလာတယ်ဆိုတာသိပေမဲ့ ဒါကို လွန်ဆန်နိုင်ဖို့ အားအင်ဟာ ဒုံမင်းဆီမှာမှ မရှိခဲ့ပဲလေ။ ဒုံမင်းက စတူဒီယိုထဲက လှည့်ထိုင်လို့ရတဲ့ ခုံအပေါ်မှီရင်း တွေးဖြစ်ခဲ့တယ်။
YOU ARE READING
좋을 땐 또 뭐가 그리 좋다고 | Gongfourz
Fanfiction좋을 땐 또 뭐가 그리 좋다고 원저자 : @xximxee [ https://posty.pe/ea3ea4 ] 번역 : @nxtdotcom