တခြားအတွဲတိုင်းနီးပါးလိုမျိုးပဲ အစပိုင်းမှာတော့ အရာရာအဆင်ပြေခဲ့ပါတယ်။ တမြိန့်မြိန့် ရှေ့တိုးခဲ့ကြရင်းမှ ကီးမကိုက်တဲ့ အချက်တစ်ချို့က သိသာလာခဲ့ပြီး တစ်ယောက်အပေါ် တစ်ယောက်စကားနာတွေထိုးလာခဲ့ကြတာ။ တခြားအတွဲတွေနဲ့ယှဉ်လာရင်တော့ သူတို့ရန်ပွဲတွေက ခပ်စိပ်စိပ်ပေါ့။ တစ်ပွဲတစ်လမ်းလောက် အကဲစမ်းသတ်ပုတ်ကြရင်း လမ်းခွဲဖို့ ပါးစပ်က ပြောနေတဲ့အချိန်မှာတောင်မှ ဦးနှောက်ကတော့ တကယ်ပြတ်ဆဲသွားမဲ့အကြောင်း လုံးဝမတွေးဆခဲ့ဖူးတာဟာ ပတ်ဝန်းကျင်ကလူတွေကော ဒုံမင်းနဲ့ ဒုံဟျွန်းကိုယ်တိုင်ကော သိတဲ့ အမှန်တရားတစ်ခုဖြစ်ပြီး အချိန်အနည်းငယ်လောက်ကြာသွားရင် သူတို့ပြန်တွဲကြဦးမှာ။ ဒါကြောင့်ပဲ တစ်သက်လုံး သူနဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်လုပ်ရင်း ရှင်သန်နေရတာက ထာဝရတည်မြဲနေမှာဟု တစ်ထစ်ချယုံကြည်နေခဲ့တာ။
နှမြောဖို့ကောင်းတယ်ဆိုပေမဲ့လည်း ကမ္ဘာပေါ်မှာ ထာဝရတည်မြဲတဲ့ အရာဆိုတာ မရှိသလိုမျိုး သူတို့နှစ်ဦးဟာလည်း တကယ် ပြတ်ဆဲဖြစ်ခဲ့ကြတယ်။
အဲ့ဒီ့နေ့က သာမာန်နေ့တွေနဲ့ ကွာခြားချင်းမရှိတဲ့ ဩဂုတ်လ နွေရာသီ။ ဒုံမင်းက နာမည်ကြီးတဲ့ label တစ်ခုဆီကနေ ကမ်းလှမ်းချက်ရခဲ့ပြီး SoundCloud မှာတင်ထားတဲ့ သီချင်းတွေက နားထောင်သူအရေအတွက်ထိုးတက်လာတာကြောင့် နှစ်ယောက်သား အကြိုဂုဏ်ပြုတဲ့အနေနဲ့ ဒိတ်လုပ်ဖို့ သတ်မှတ် ချိန်းဆိုထားတဲ့ ရက်တစ်ရက်ပေါ့။
ဒုံဟျွန်းရဲ့ presentation အပြီးလောက်ကြရင် ဒုံမင်းက အချိန်ညှိပြီး ကျောင်းရှေ့အထိ လာကြိုဖို့လုပ်ထားပေမဲ့ ဒုံမင်းရဲ့ကမ်းလှမ်းချက်ရထားတဲ့ label နဲ့ meeting ကလည်း ထင်ထားတာထပ်ပိုကြာနေပြီး မိုးကောင်းကင်ကြီးကလည်း အခုမှပဲ တိမ်ဆိုင်တွေကြား တစ်ယောက်ယောက်က အပေါက်ဖောက်လိုက်သလိုမျိုး သည်းသည်းထန်ထန်ရွာသွန်းလာခဲ့သည်။ အဲ့ဒီ့အချိန်အထိတောင် ဒုံဟျွန်းက ထွေထွေထူးထူးဘာမှမတွေးမိသေးဘူး။ မီတင်အချိန်ကြာနေတာက ဒုံမင်းရဲ့ အပြစ်လည်းမဟုတ်သလို နွေဦးကို ကူးကာစ ဥတုပြောင်းရာသီ ကာလပတ်မို့ မိုးရွာတယ်ဆိုတာလည်း ကျိန်းသေပေါက် အဓိပ္ပါယ်ရှိတဲ့ အတွေးဖြစ်နေလို့ပဲ။ ဒါပေမဲ့လည်း စောဏကအထိကို ကြည်လင်နေတဲ့ စိတ်ကလေးက အနည်းငယ်မျှ တကယ့်ကို သေးသေးငယ်ငယ်မျှလောက်လေးတော့ ထိုင်းမှိုင်းမိသွားတော့ အမှန်ပါ။
YOU ARE READING
좋을 땐 또 뭐가 그리 좋다고 | Gongfourz
Fanfiction좋을 땐 또 뭐가 그리 좋다고 원저자 : @xximxee [ https://posty.pe/ea3ea4 ] 번역 : @nxtdotcom