우리 둘 만의 사연 ㅡ 1

500 37 0
                                    



Song Recommendation: Amnesia - BOYNEXTDOOR






" ဒီတစ်ခေါက်တော့ တကယ် အတည်လမ်းခွဲတာ

ရှေ့လျှောက် ကင်မ်ဒုံဟျွန်းကို တွေ့စရာအကြောင်းမရှိတော့ဘူး

သူငါ့ကိုမချစ်မှန်း မင်းလည်း သိပါတယ် အွန်းဟက်ရာ

ငါလည်း အခုကစပြီး သူ့ကို ဆက်မချစ်ပဲနေတော့မှာ

ဘယ်လောက်များ လှနေလို့ ကောင်းပေးမိနေမှန်း မသိတော့ဘူး တကယ်ပဲ ဘယ်နားကများ လှနေလို့လဲ "

- ဟန်ထယ်ဆန်း

" ရှေ့လျှောက် ဒုံမင်းနဲ့ တွေ့စရာအကြောင်းမရှိတော့ဘူး ထင်ပါတယ်

အွန်း.. တစ်ခါတစ်လေတော့လည်း ဆုံရင်ဆုံမှာပေါ့
မတော်လို့ .. တစ်ခေါက်တစ်လေ.. တစ်ခေါက်တစ်လေလေးပါပဲ
မဖြစ်မနေ အဖွဲ့လိုက် အရက်ဝိုင်းထိုင်ရတဲ့အခါမျိုး တစ်ခေါက်လောက်ပေါ့...

ဒါပေမဲ့ သူကတော့ ကျွန်တော့်ကိုမြင်တာနဲ့ ရှောင်ထွက်သွားလောက်မှာဗျ

သူက ကျွန်တော့်ကို မုန်းနေပြီလေ
သူ့အကျင့်စာရိုက်အရဆိုရင် မုန်းတဲ့သူနဲ့  ယောင်လို့တောင် မတော်တဆ မတွေ့ချင်မှန်း သိတယ်မလား "

- ကင်မ်ဒုံဟျွန်း






.






ဟန်ဒုံမင်းနဲ့ ကင်မ်ဒုံဟျွန်းတို့ လမ်းခွဲလိုက်ကြပြီ။
အမြဲတမ်း recently called ဖြစ်နေခဲ့ဖူးတဲ့ ဖုန်းနံပါတ်ကလည်း ဟိုးအောက်ဆုံးကို ကျရောက် ပျောက်ဆုံးသွားပြီး Instagram မှာ တင်ထားတဲ့ 🐈‍⬛, 🐠 emoticon နဲ့ highlight ကိုလည်း ဖြတ်ချလိုက်ပြီ။

ဟန်ဒုံမင်းနဲ့ ရင်းနှီးတဲ့ ညီငယ်လေး ကင်မ်အွန်းဟက်နဲ့
ကင်မ်ဒုံဟျွန်းရဲ့ မေဂျာက စီနီယာဖြစ်တဲ့ ပတ်ဆောင်းဟိုကတော့ ဒီဖြစ်ရပ်ကို ကြည့်ပြီး ရယ်နေရုံကလွဲမတတ်နိုင်ဘူး ။

သူတို့ ရန်ဖြစ်လိုက် ပြတ်လိုက်လုပ်နေတာက တစ်ရက်တစ်လေမှ မဟုတ်တာ... အဲ့လိုကနေ ထပ်ပြီး ဘူတာရုံဘေးနားက ဘီယာဆိုင်ရဲ့ နောက်ဖေးလမ်းကြားထဲမှာ နှုတ်ခမ်းချင်း စုတ်ရင်း အဆင်ပြေသွားကြပြီး ဘေးကလောင်ပေးတဲ့သူတွေပဲ ဒေါသထွက်လိုက်ရတာ အဖက်တင်မှာ အသိသာကြီးပဲကို... ။

좋을 땐 또 뭐가 그리 좋다고 | Gongfourz Where stories live. Discover now