ကင်မ်ဒုံဟျွန်း၏ ရှုထောင့်။
အင်ချွန်းလေဆိပ်မှာစောင့်နေတဲ့ အဲ့ဒီ့ အကျိုးမပေးတဲ့ကောင်ရဲ့ မျက်နှာကိုမြင်တာနဲ့ နှလုံးသားထဲ ငါးရံ့လူးနေသလို ခံစားချက်မျိုးဖြစ်သွားတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ပျက်မိတယ်။ လူမှုဆက်ဆံရေးတွေနဲ့ပတ်သက်ပြီး အချိန်အတော်ကြာခြေသလုံးအိမ်တိုင်ခဲ့တဲ့ ဒုံဟျွန်းလိုလူက ဟန်ဒုံမင်းဆိုတဲ့ လူတစ်ယောက်ဆီမှာပဲ အတန်ကြာခြေစိုက်မိလိုက်တဲ့ အမှားကြောင့်ပဲလားတော့မသိ တောက်လျှောက် ဒုံမင်းရဲ့ဘေးကိုသွားရင်း ပုခုံးချင်းမသိမသာလေးလိုက်တိုက်ပြီး စနောက်နေလိုက်ချင်စိတ်တွေကတဖွားဖွား။ ရေပတ်မဝင်အောင် ငါးအကြောင်းတွေပြောရင်း အနိုင်ရတဲ့သူလည်းမရှိ ရှုံးလိုက်တဲ့သူလည်းမရှိတဲ့ ရန်ပွဲလေးတွေကို ခေါက်တုံ့ခေါက်ပြန်ဆင်နွှဲရင်း Uk မှာရှိတဲ့ အချိန်တွေကို ကုန်ဆုံးချင်နေတဲ့ သူ့စိတ်တွေက မီးခိုးခေါင်းတိုင်ပေါ်က မီးခိုးတွေလိုမျိုး တလှူလှူလွှင့်နေပေမဲ့ လက်ချောင်းထိပ်ကလေးတွေ အချင်းချင်းခြစ်ကုပ်မိရင်း တုန်နေတဲ့အထိ ဒုံဟျွန်းက ဒီခံစားချက်တွေကို တောင့်ခံ့ထားခဲ့တယ်။
ဒုံဟျွန်းက သူ့ရဲ့ များပြားလှတဲ့ အရှုပ်တော်ပုံနဲ့ အချစ်ရေးရာအကြောင်းတွေကို ဘောပင်သုံးပြီးမရေးခဲ့ဖူးဘူး။ အကယ်၍ ဘောပင်သုံးပြီးရေးခဲ့မိရင် တစ်ခေါက်လောက်ဖြစ်ဖြစ်အမှားရေးမိတဲ့အခါ အဲ့ဒီ့စာရွက်ကို လုံးခြေပစ်ထုတ်လိုက်ရမှာ ကြောက်လို့လေ။ အဲ့အစား ဒုံဟျွန်းက ဘောပင်အနက်နီးပါးနက်တဲ့ ခဲတံမဲမဲကိုပဲ ဖိသုံးဖြစ်တယ်။ အခေါက်ခေါက်အခါခါရေးလိုက်ဖျက်လိုက်လုပ်နေတော့ စာရွက်တောင်မှ နွမ်းလျလျနဲ့ ပြဲချင်နေပြီ။ အရင်အခြေနေသာဆိုရင်တော့ ဒီအတိုင်း ပစ်ချင်ပစ်လိုက်မှာပေမဲ့ ဒုံဟျွန်းက သည်းခံရင်း မပစ်ခဲ့ဘူး။
သူများတွေအတွက် ဒီစာရွက်က ရွဲနေပြီဆိုရင်တောင်မှ " အခုထိ ဖြူနေတုန်းပဲမို့လို့လေ? " ဒီလိုပါပဲ.. ဒီအတိုင်း ခဲတံလက်ရေးလေးသက်သက်မျှဆိုပေမဲ့ အခုထိ အဆင်ပြေပါသေးတယ်လို့ တိတ်တဆိတ်လေးရေရွတ်ရင်း ဒုံမင်းနဲ့ သူ့ရဲ့ ဆက်ဆံရေးတွေအကြောင်းကို ရင်ဘက်ထဲပိုက်ရင်း မလွှတ်ပစ်နိုင်ခဲ့ဘူး။
YOU ARE READING
좋을 땐 또 뭐가 그리 좋다고 | Gongfourz
Fanfiction좋을 땐 또 뭐가 그리 좋다고 원저자 : @xximxee [ https://posty.pe/ea3ea4 ] 번역 : @nxtdotcom