GOODBYE || [Intro]

304 18 0
                                    



Unicode /

" ကျွန်တော်ဘယ်တော့မှ မေ့မရခဲ့တဲ့
အတိတ်တွေထဲကထိုလူ . . .
ကျွန်တော့်အိမ်နဲ့ဆို တစ်လမ်းပဲခြားတဲ့
အိမ်အပြာလေး . . .
ထီးအပြာရောင်လေးပေးတုန်းက ရူးမိုက်ပုံများ . . .
သူ့အရိပ်အောက်မှာ ထာဝရခိုလှုံဖို့အထိဟု အဆုံးထိတွေးခဲ့ဖူးသည်။
April လမှာ ပွင့်တဲ့ sweet pea ပန်းလေးတွေကို တစ်ပွေ့တစ်ပိုက်နဲ့ လက်ဆောင်ပေးဖူးခဲ့တယ်။
sweet pea ပန်းလေးတွေက တကယ်ပဲကြားဖူးတဲ့အတိုင်း နှုတ်ဆက်ခွဲခွါခြင်းအတွက်ပဲလား. . . ။
နောက်ဆုံးတစ်ခေါက်တွေ့ဆုံတုန်းက
သူကျွန်တော့်ကို sweet pea ပန်းလေးတွေပဲ လက်ဆောင်ထပ်ပေးခဲ့တယ်။
ဒါပေမယ့် သူပြောသွားသေးခဲ့တာက
" မင်းနဲ့ထပ်ပြီးတွေ့ဆုံချင်သေးတယ်"
" အဲ့အခါကျမှ ဒီပန်းတွေရဲ့အဓိပ္ပါယ်ကို မင်းကပြောပြပေးပေါ့ "တဲ့လေ ။

Jay ___









မိုးဖွဲဖွဲ ရွာတိုင်း
အဲ့နေ့က အမှန်တရားကို သိချင်ခဲ့မိတယ် . . . ။
ခဏခဏ ကျရှုံးခဲ့တဲ့ မိုချီမုန့်လုံးရောင်စုံလေးတွေကို ငါလုပ်ပေးတာပဲ စားပါလို့ ပြောတိုင်း ပြုံးမိတယ် မင်းမသိအောင်ပေါ့ . . . ။
ဒီနေ့ ကြောင်အနက်ကလေး တစ်ကောင်ကို ကော်ဖီဆိုင်လေးမှာ တွေ့လိုက်တယ် ။
စိတ်ထဲ ရေရွတ်မိတယ် . . မင်းနဲ့သိပ်တူတာပဲလို့။ မရည်ရွယ်ခဲ့ပေမယ့် " ငါမရှိတော့ရင် " ဆိုတဲ့မင်းရဲ့
ဆန္ဒလေး ပြည့်ဝသွားပြီထင်ပါရဲ့။
ကြယ်အစုအဝေးကို အတူကြည့်ခဲ့ကြတုန်းက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး တခုခုပြောချင်နေပုံရတဲ့ မင်းမျက်နှာလေးက အခုထိ ခေါင်းထဲက ထွက်မသွားသေးဘူးပဲ . . . ။

ဆောင်းဟွန်းက
ကမ္ဘာကြီးပျက်သုဉ်းသွားရင်တောင် မင်းကို
နောက်တစ်ခါလောက် ထပ်တွေ့ချင်သေးတာ . . .။

Sunghoon ___


Sweet pea ပန်းလေးတွေကို
မွေးနေ့ရောက်တိုင်း လက်ဆောင်ပေးတတ်တဲ့
ကောင်လေးနဲ့ . . .
ထီးအပြာရောင်လေးကို မိုးရွာတိုင်း
တခါမှထုတ်မဆောင်းခဲ့တဲ့ ကောင်လေး နှစ်ယောက် ။တစ်ယောက်ကိုတစ်ယောက် ဝန်ခံခဲ့ကြခြင်းမရှိပဲ ဝေးသွားခဲ့ကြရင် . . .
မနီးစပ်ခဲ့ကြတဲ့ နှလုံးသားတွေဟာ
နောက်ဆုံးကျတော့ ကြေမွသွားတဲ့
ပန်းကလေးတစ်ပွင့်လိုပါပဲ . . . ။




GOODBYE || "Jayhoon"Where stories live. Discover now