Unicode
" အစ်ကို ဆောင်းဟွန်းတို့ ဘာတွေပြောနေကြလဲ"
" အော် ဟွာယောင်း ဘယ်ကိုလာတာလဲ "
" အစ်ကို့ဆီလာတာလေ "
" ဟော ဒါဆို အစ်ကိုတို့နဲ့စက်ဘီးပြိုင်စီးမလို့ပေါ့"
ဆောင်းဟွန်းက ကျွန်တော့်ကိုသာ
အရှုံးမပေးတာထင်တယ်။ ဟွာယောင်းနဲ့ဆိုသူကကြီး အလျော့ပေးချင်တာ။ အစ်ကိုကလည်း သိပ်ဖြစ်ချင်ပါ့ဗျာ ။" မလုပ်ပါနဲ့ဗျာ ကျွန်တော့်မှာ အချိန်တောင် သိပ်ရတာမဟုတ်ဘူး "
ဂျေးမျက်နှာကို အတတ်နိုင်ဆုံး
ပြုံးထားသော်လည်း ရှေ့ကိုဆူထွက်လာသည့်
နှုတ်ခမ်းလေးက ဆောင်းဟွန်းရှိရာ ဘက်သို့ တစ်ဆူဆူ။ သက်ပြင်းတွေလည်း တဟူးဟူးချကာ နေမထိထိုင်မသာဖြစ်ရသည်။" အဲ့ဒါကြောင့် ထင်တယ် မင်းနဲ့ဆို ရန်သိပ်မဖြစ်ရဘူး ဂျေးနဲ့ငါကတော့ တကြပ်ကြပ်ပဲ "
" အဲ့လိုဖြစ်အောင် မင်းပဲလုပ်တာလေကွ "
" မင်း ဒါလေးပြောတာကို အဲ့လောက်စိတ်တိုရလား "
" ဟို ဒီနေရာမှာတော့ ရန်မဖြစ်ကြပါနဲ့ အစ်ကိုတို့ရာ . . ဒါနဲ့လေ အစ်ကိုဆောင်းဟွန်း အားလား"
ဆောင်းဟွန်း နှုတ်ဖျားက ထွက်လာမည့်
စကားအတွက် ဟွာယောင်းအပြင် ဂျေးလည်း
မျှော်လင့်တကြီး စောင့်စားနေမိပါသည်။
ဆောင်းဟွန်းဆီက ငြင်းဖို့အဖြေထွက်လာဖို့ ဂျေးမျှော်လင့်မိပေမယ့် . . ." အွန်း အားတာပေါ့ "
" ဒါဆို ကျွန်တော့်ကို ကိတ်မုန့်ဆိုင် လိုက်ပို့ပေးမလားဟင် "
" မင်းစက်ဘီးက ဘာဖြစ်သွားလို့လဲ "
" ပျက်သွားလို့ ပြင်ဆိုင်သွားဖို့ကလည်း
ဝေးသေးတယ် ကျွန်တော်တကယ်အရေးကြီးလို့ပါနော် နော်လို့ အစ်ကို . . . "အင်တင်တင် လုပ်နေသည့်
ဆောင်းဟွန်းကြောင့် ဟွာယောင်းမျက်နှာမှာ ချက်ချင်းပင် ညှိုးငယ်သွားသည်။
YOU ARE READING
GOODBYE || "Jayhoon"
Romanceကျွန်တော့် မွေးနေ့တိုင်း လူတစ်ယောက်ဆီက ပန်းလေးတွေ လက်ဆောင်ရခဲ့တယ် . . . ။ အဲ့ပန်းလေးရဲ့နာမည်က " Sweet Pea "တဲ့လေ . . .