GOODBYE _ 7

158 19 3
                                    

Unicode \




" ပန်းလေးတွေက တန်ဖိုးထားတတ်တဲ့ သူနဲ့တွေ့ရင်
ပိုပြီးလှလာတတ်တယ် ဆောင်းဟွန်း "


" မင်းလည်း လှတယ် . . "


" . . . . . . "


" ငါလည်း မင်းကိုတန်ဖိုးထားတာမို့လေ ဂျေး "


ဒဏ္ဍာရီလာ နတ်သမီးလေးတွေကများ ဆောင်းဟွန်းအား ပြုစားလိုက်လေသလား။ သူက ကျွန်တော့်လို ယောကျ်ားလေးတစ်ယောက်ကို " လှသည်"တဲ့။
ပထမတခါက မွေးနေ့မှာ ဆောင်းဟွန်းနဲ့အတူရှိနေခဲ့လို့ မျက်ရည်ကျသည်အထိ ဝမ်းသာခဲ့ရပါတယ်။ အောက်မျက်ခွံတွင် ဖောင်းပြည့်လာလုနီးနီး အကြည်ရောင်မျက်ရည်တွေဟာ ဒါနဲ့ဆို ဒုတိယမြောက်ဖြစ်နေမလား။


" ဂျေး . . . ငိုနေတာလား "

" မငိုပါဘူးကွာ "

ဆောင်းဟွန်း၏ နွေးထွေးစွာ ပွေ့ဖက်ခြင်းက
ဂျုံဆောင်းရဲ့ မျက်ရည်တွေကို မမြင်ရအောင်
ဖုံးကွယ်နိုင်လိုက်ပါသည်။ဘဲငန်းဖြူလေးတစ်ကောင်လို ဖွေးဥနေသည့် အသားရည်နှင့် အင်မတန်မှ လိုက်ဖက်ပါသည့် အဝါရောင်တီရှပ်လေးပေါ်တွင် ပထမဆုံး ပေးမိသည့် ဂျုံဆောင်း၏ မျက်ရည်စက်လေးတွေ . . . ။


ပြတင်းပေါက်မှ တခါတခါ ခပ်ပြင်းပြင်း
တိုးဝင်လာသော လေအေးအေးကြောင့် ခန္ဓာကိုယ်လေးနှစ်ခုဟာ ထပ်မံပူးကပ်သွားသည်။ကျောပေါ်မှ လက်ချောင်းလေးတွေသည် တင်းကြပ်သည်ထက် ပို၍တင်းကြပ်လာသည်။


အပြာရောင် ကောင်းကင်တစ်ခုလုံး အနက်ရောင်
အခိုးအငွေ့များဖြင့် ရီဝေအုံ့မှိုင်းနေသည်။
အနောက်တောင်ဘက်မှ တိုက်ခတ်လာသော
မုတ်သုန်လေသည် တဟူးဟူး . . ။
လေလာရာ ပြတင်းပေါက်အဝတွင်
တွဲလောင်းချိတ်ဆွဲထားသည့် ပင်လယ်မှ ကောက်ယူထားခဲ့သော ခရုကမာခွံလေးတွေအား တိုးဝှေ့သွားသောသော လေညှင်းလေးကြောင့် ဆည်းလည်းသံလေးများသည်လည်း တညံညံ . . . ။

 ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
You've reached the end of published parts.

⏰ Last updated: Sep 08 ⏰

Add this story to your Library to get notified about new parts!

GOODBYE || "Jayhoon"Where stories live. Discover now