GOODBYE _ 4

125 18 0
                                    

Unicode\





" ဒါဆို ငါကရော "


" You are my sunshine
My only sunshine
You make me happy
When skies are gray . . . "


" ခဏနော် ဂျေး "


ထိတ်လန့်သွားတဲ့ မျက်နှာအမူအရာကို
ကြည့်ခြင်းအားဖြင့် ဆောင်းဟွန်းအိမ်က ဖုန်း
ဆက်တာထင်ပါတယ်။တခါမှ မိဘတွေအကြောင်း ဆောင်းဟွန်းဆီမှ ပြောသံမကြားသော်လည်း
အိမ်ကဖုန်းဆက်တိုင်း မျက်နှာမကောင်းတာ သတိထားမိပါသည်။


" ဘာတဲ့လဲ ဆောင်းဟွန်း "


" ငါ့ကို ပြန်လာခိုင်းနေတာ ဒါပေမယ့် ငါ . . "


" ပြန်ရမှာပေါ့ မင်းအိမ်ကစိတ်ပူနေအုန်းမယ်လေကွာ မိုးလည်းချုပ်တော့မှာ "



" အင်း ဒါဆိုလည်း ငါပြန်ပြီနော် ဂျေး "


ဆောင်းဟွန်းရဲ့အဖြေကို ဒီနေ့ နားမထောင်
လိုက်ရပေမယ့် ဂျေးလွယ်လွယ်ဖြင့်ပင် လက်လျော့သွားမည်မဟုတ် ။ ငယ်ငယ်က ဆောင်း
ဟွန်းလက်ကို ရအောင်ကိုင်မယ်ဆိုတဲ့ ဆန္ဒတောင် ပြည့်သေးတာပဲ။ကံတရားကိုတော့ ဂျေးမယုံပါဘူး ။ ဆောင်းဟွန်းပြန်သဘောကျလာဖို့ဆိုတာ ဂျေးပဲ ဖြစ်နေရင်ရပြီ . . . ။





" သခင်လေးပြန်လာပါပြီ သခင်ကြီးရှင့် . . "


ခေတ်အဆက်ဆက် ထုံးတမ်းအစဉ်အလာ
မပြတ်ပင် ထိန်းသိမ်းလာရသော ဘိုးဘွားအမွေအနှစ် ဖြစ်သည့် နန်းတော်ကြီးပမာ ခန်းနားထည်ဝါလှသော စံအိမ်ကြီးထဲသို့ စဝင်လိုက်တာနှင့် လူတိုင်းဟာ
ကျွန်တော့်အား ဦးညွှတ်ကာ ကြိုဆိုကြသည်။
ကျွန်တော်သိပ်မုန်းတဲ့ အစဉ်အလာတွေထဲက
တစ်ခုပေါ့ ။ စံအိမ်ဆိုတာ လှောင်အိမ်နဲ့တော့ ဘာမှမခြားပါဘူး ။ လွတ်မြောက်ဖို့ကြိုးစားတိုင်း ပိတ်မိနေဆဲပါပဲ . . . ။



ဧည့်ခန်းသို့ ဝင်လိုက်နဲ့ တွေ့ရသော ရွှေရောင်
အနားကွတ်ထားသည့် ဆိုဖာတွင် ဩဇာအာဏာငြိမ့်ညောင်းပြီးဟိတ်ဟန်အပြည့်ဖြင့် ထိုင်လျှက် သတင်းစာတစ်စောင်အား အမြဲဖတ်လေ့ရှိသူဟာ ဤစံအိမ်ကြီးတစ်ခုလုံး၏ အရှင်သခင်ပင်ဖြစ်သည်။
ထိုရာထူးဂုဏ်ပကာသနတွေဖယ်လိုက်လျှင်
ထိုလူကြီးဟာ ဆောင်းဟွန်း၏ မွေးဖေဖေအရင်းသာ ဖြစ်သည်။




GOODBYE || "Jayhoon"Where stories live. Discover now