Unicode
" သားကြီးလာရင် ဖေဖေ့လို ဘေ့စ်ဘောကစားမှာ"
TV ဖန်သားပြင်ပေါ်မှ
ဘေ့စ်ဘောကစားနေကြသည့် အားကစားသမားများကို မျက်တောင်မခတ်တမ်း ငေးကြည့်နေတဲ့ ၆နှစ်သားလေးထံမှ ထွက်လာသော အသံစူးစူးလေး။ အပြင်ကပြန်လာတဲ့ ဖေဖေ့အတွက်လည်း အမောပြေဆေးလေးအဖြစ် ၊ ကလေးလည်းထိန်းရင်း ဟင်းပြေးပြေးချက်နေရသည့် မေမေ့ဆီမှ လည်း ရယ်သံတိုးတိုးလေးတို့ဟာ ကြည်နူးပျော်ရွှင်ဖွယ်ရာကောင်းလှပါပေသည့်. . . ။မျက်နှာဝိုင်းဝိုင်းလေး
နှာတံချွန်ချွန်လေးတွေနဲ့ နှုတ်ခမ်းပါးပါးလေးတွေက မေမေနဲ့ဖေဖေရဲ့ ပင်ကိုယ်ချောမောသည့် အမွေအနှစ်ကလေး။
အသက် ၃၅နှစ်မှာအိမ်ထောင်ကျပြီး
တစ်ယောက်ကို တစ်ယောက် မေတ္တာမျှခဲ့တာ ၂၃နှစ်က . . . ။
သက်တူရွယ်တူ သူငယ်ချင်းနှစ်ယောက်ကနေ
သိပ်ချစ်ကြတဲ့ ချစ်သူတွေဖြစ်ခဲ့ကြတယ်။
မိဘတွေကလည်း သဘောတူနှစ်သက်ကြပါ၍ သာယာပျော်ရွှင်ဖွယ် အိမ်ထောင်ရေးအပြင် ချစ်စရာ သားသားလေးကိုပါ ပိုင်ဆိုင်ခဲ့ရတာဟာ
ဘယ်အရာနဲ့မျှ မလဲနိုင်သည့် ပျော်ရွှင်မှုလေးပင် ။" ဖေဖေ ပြန်လာပြီလား ဒီကိုလာပါအုန်း . . .
သားသား ကြီးလာရင် ဖေဖေ့လို အောင်မြင်တဲ့ အားကစားသမားကြီးဖြစ်အောင် လုပ်မှာ "" အခုတော့ သားသားက ငယ်သေးတော့
လုပ်နိုင်သေးဘူး "" ဟားဟား ငါ့သားကလည်းကွာ မင်းငယ်ငယ်
ရွယ်ရွယ်နဲ့ စကားတတ်လှချေလား "" အစ်ကိုရေ အစ်ကို့သားစကားတတ်ပုံများ နားထောင်ကြည့်ပါအုန်း "
" အစ်ကိုတို့ သားလေးက ဘယ်သူနဲ့တူလို့ အဲ့လောက်စကားတတ်တာပါလိမ့် "
" သူ့အဖေနဲ့တူလို့နေမှာပေါ့ . . . "
အသံဩဩဖြင့် စိတ်လွတ်ကိုယ်လွတ်
ရယ်ပြုံးနေလိုက်တဲ့ အစ်ကိုဟာ ယခုဆို အသက် ၄၀ ကျော်ပြီဖြစ်သည်။
သို့ပေမယ့် အခုလို ပြုံးပျော်နေတတ်တာက အရင်ကအတိုင်း ကွာခြားသွားတာ နည်းနည်းမှမရှိခဲ့ဘူး ။ အဲ့သည့်လို ပြီးပြည့်စုံတဲ့ ယောကျ်ားမို့လို့ များလား ။ မာကြောလွန်းတဲ့ ကျွန်မရဲ့အသည်းကို လှုတ်ခတ်သွားစေတာ . . .။
YOU ARE READING
GOODBYE || "Jayhoon"
Romanceကျွန်တော့် မွေးနေ့တိုင်း လူတစ်ယောက်ဆီက ပန်းလေးတွေ လက်ဆောင်ရခဲ့တယ် . . . ။ အဲ့ပန်းလေးရဲ့နာမည်က " Sweet Pea "တဲ့လေ . . .