Unicode\
" ငွေရောင်မှတ်စုနှင့် sweet pea ပန်းလေးများ . . . "
" ပြန်တော့မှာလား "
" အင်း မိုးလည်းချုပ်တော့မှာမို့လို့ "
" ငါမင်းကို ဒီနေ့တွေ့လိုက်ရလို့ ပျော်လိုက်ရတယ် ဆောင်းဟွန်းနား "
တကယ်တမ်း ပြန်ရတော့မည်ဆိုတော့ ဆောင်းဟွန်း
ခြေထောက်တွေလေးလံနေပြီ။ ဂျေး၏ မျက်လုံးတွေကိုလည်း ကောင်းကောင်းမကြည့်ရဲခဲ့ပေ။ သူကြည့်မိပါက ပြန်မသွားနိုင်အောင် ညှို့ယူထားမယ့် ပယင်းကျောက်ပမာ မျက်ဝန်းစိုစိုလေးတစ်စုံအား ခံနိုင်ရည်ပင်ရှိမည်မထင်။" နောက်တစ်ကြိမ်ပြန်တွေ့မယ်နော် ဆောင်းဟွန်းနား "
" အွန်း နောက်တစ်ကြိမ် . . "
လွန်စွာ စကားနည်းပါသည့် ကောင်လေးကို
သဘောကျမိတာတဲ့ ဒုက္ခဟာ အင်မတန်ကြီးပါ၏။
နောက်သို့ တစ်ကြိမ်သာလှည့်ကြည့်ပြီး နှုတ်ဆက်စကားလေးကြားချင်တာတောင် ပြောမသွားခဲ့ပေ။ခြေနင်းခုံတွင် ဖိနပ်လေးနှစ်ဖက်ကို ချွတ်၊
ဖိနပ်စင်ပေါ်မှာနေရာတကျထားရသည်။
ဖိနပ်အောက်မှ ဝတ်ထားသော ခြေအိတ်လေးသည် အဖြူရောင်။စံအိမ်ကြီး၏ ကြမ်းပြင်သို့ ခြေချမိတိုင်းစိတ်လှုပ်ရှားတတ်သော ကောင်လေးတစ်ဦး။" သခင်ကြီး ကျွန်တော်ပြန်ရောက်ပါပြီခင်ဗျ "
တစ်အိမ်လုံး ကြမ်းပြင်ပေါ်ရှိ သူ၏
ခြေသံတွေကလွဲလျှင် တစ်ခြားသော အသံတစ်သံမျှ
ပင် မကြားရပေ။ အစဉ်မပြတ်ခစားလေ့ရှိသည့် အစေခံများအားလည်း မတွေ့ရ။" ဘယ်သူမှမရှိကြဘူးလား "
" သခင်လေး ပြန်ရောက်ပါပြီလားခင်ဗျ "
" ဦးလေးကြီး တစ်ခြားသူတွေရော "
" သခင်ကြီးနဲ့သခင်မကြီးက မိတ်ဆွေတစ်ချို့နဲ့ ညစာသွားစားပါတယ် သခင်လေး "
" ဟူးး တော်ပါသေးရဲ့ဗျာ "
" ဦးလေးကြီးကို ဖေဖေမေးရင် ကျွန်တော်ဒီနေ့ ည၆နာရီမှ ပြန်ရောက်တယ်ဆိုတာ အမှန်တိုင်းမပြောပါနဲ့နော် ကျွန်တော်တောင်းဆိုတာပါ "
YOU ARE READING
GOODBYE || "Jayhoon"
Romanceကျွန်တော့် မွေးနေ့တိုင်း လူတစ်ယောက်ဆီက ပန်းလေးတွေ လက်ဆောင်ရခဲ့တယ် . . . ။ အဲ့ပန်းလေးရဲ့နာမည်က " Sweet Pea "တဲ့လေ . . .