Unicode
" မင်းကတော့ ချွင်းချက်ထင်တယ် ဂျေး ~ "
" မင်းကတော့ ချွင်းချက်ထင်တယ် ဂျေး ~ "
" မင်းကတော့ ချွင်းချက်ထင်တယ် ဂျေး ~ "
ဂျေး၏ နားထဲ သူငယ်ချင်း ဆောင်းဟွန်းပြောသွားသည့် စကားတစ်ခွန်းကိုသာ ပဲတင့်သံများထပ်၍နေသည်။
ဒီနေ့သူ့ရဲ့မွေးနေ့ဆိုတာကိုပါ မေ့သွားသည်အထိပင်။နောက်ဖေးခြံလေးက ဂျေးထွက်ခွါခဲ့ပြီး
နောက် အိမ်ထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေတာကို မြင်လိုက်ရတော့ လူအုပ်ကြားထဲမှတစ်ဆင့်တိုးဝှေ့သွားလိုက်ရာက . . ." မေမေ !! "
" မေမေ ဘာဖြစ်လို့ငိုနေတာလဲဟင် "
" သားကို ပြောအုန်းလေ ဖေဖေရော ဖေဖေကရော ဘယ်မှာလဲ ခုထိ ပြန်မလာသေးဘူးလား "
" ဒီနေ့တော့ အားလုံး ပြန်လိုက်ကြဖို့ ကျွန်မတောင်းဆိုပါတယ်ရှင် "
ဂျေး၏ အန်တီလေးက ဧည့်သည်တွေကို ပြန်ဖို့ ဝင်ပြောသည်။ဘာအကြောင်းကြောင့် မေမေက ဝမ်းနည်းပက်လက်ငိုကြွေးနေသည်ကို ဂျေးစဉ်းစားလို့ပင်မရ။သူ့ရင်တွေပူလာပါပြီ ။" မေမေက သားကိုပြောလဲမပြောပြဘူး . . .
ဖေဖေလာလို့ မေမေဒီလိုထိုင်ငိုနေတာမြင်ရင် စိတ်မကောင်းပဲနေမှာပေါ့ "" မေမေငိုရင် သား မနေတတ်ဘူး . . .
သား ဝမ်းနည်းတယ်လို့ "" အန်တီလေး ဘာလို့ မေမေကငိုနေတာလဲ ဟင်
သားကို ပြောပြပါ "ဂျေး အန်တီလေးကို မေးတဲ့အခါ နှုတ်ဆိတ်နေလျှက် မျက်လွှာချထားသော အန်တီလေး၏ မျက်နှာမှာ ဝမ်းနည်းသည့် အရိပ်အယောင်တွေသန်းနေပါ၏။
" သားကို မပြောပြချင်လည်း ရတယ်
ဖေဖေ့ကို ဖုန်းဆက်ပေးပါလား အန်တီလေး နော်"" အန်တီလေးဖုန်းကို သူကိုင်နိုင် မှာမဟုတ်တော့ဘူး သား "
အန်တီလေး၏ စကားကြောင့် ဂျေးရင်တွေ
တုန်လာသည်။ တဒိန်းဒိန်းမြည်နေတဲ့ ရင်ဘက်ကို ဖိထားရင်း အသက်ရှူများကြပ်လာခဲ့သည်။
YOU ARE READING
GOODBYE || "Jayhoon"
Romanceကျွန်တော့် မွေးနေ့တိုင်း လူတစ်ယောက်ဆီက ပန်းလေးတွေ လက်ဆောင်ရခဲ့တယ် . . . ။ အဲ့ပန်းလေးရဲ့နာမည်က " Sweet Pea "တဲ့လေ . . .