Chapter - 2

690 52 22
                                    

** Unicode **

အလင်းရောင်က ပတ်ဝန်းကျင်ထုထဲ
ချဥ်းနင်း ဝင်ရောက်လာ၏ ။ တိမ်ထူထူတို့က
ကောင်းကင်ပေါ် အလိပ်လိုက် တက်လာသည်။ နေရောင်မမြင်ရသော ခပ်မှိုင်းမှိုင်း
ဝန်းကျင်မှာ လူတွေက သွားမြဲလာမြဲ ။

ခွန်းကြည်သာမိုး ဘက်စ်ကား မှတ်တိုင်
ခုံတန်းလေးမှာ ဒူးနှစ်လုံးပိုက်လျက်
ငြိမ်ငြိမ်လေး ထိုင်နေမိသည် ။ လူသားတို့နှင့်
ဘဝခြားသွားသည့် ​သူက အိပ်စက်ခြင်းကို
မပြုလုပ်နိုင်တော့ဘဲ တညလုံး အမြှီးမြှောက်လိုက် ၊ အီးပေါက်လိုက် ၊ တခြားသရဲတွေကို
ကြည့်လိုက်နှင့် အချိန်ကုန်ခဲ့ရ၏ ။

ဟုတ်တယ် ။ သူ ဘဝတူသရဲတွေကို
မြင်ရသည် ။ လူ့ဘဝတုန်းက သရဲဆိုရင်
အရုပ်ဆိုး အကျည်းတန်ချည်းသာ ဟု ထင်မှတ်ခဲ့သော်လည်း တက်တက်စင်အောင်
လွဲပါ၏ ။ လူအတိုင်းပင် ချောတာလည်း
ရှိသလို ၊ အရုပ်ဆိုးတာလည်းပါသည် ။
တချို့မှာ သာမာန်လူသား သဏ္ဍာန်ရှိကြသလို ၊ အချို့မှာ ပုံပျက်ပန်းပျက်ပင် ။

" အိမ်ပြန်ချင်လိုက်တာကွာ "

သရဲဖြစ်ရတာ ဘဝဆိုးတဲ့အထဲ သရဲသွား
ဖြစ်တဲ့ နေရာက ကိုယ့်မြို့ကိုယ့်နယ် မဟုတ် ။
ဇတ်လမ်းတွေထဲမှာ သရဲက လူယောင်ဆောင်ပြီး ကားလိုက်စီးကြတယ် ဟု ဆိုထားသော်လည်း သူ့မှာတော့ သရဲချင်းတူတူတောင် တန်ခိုးနည်း ၊ သိဒ္ဓိမွဲတဲ့ အကောင်။

" အမလေးဗျ "

အရေးထဲ ရုံးဝတ်စုံဝတ်ထားသော အမျိုးသမီးကြီးတစ်ဦးက သူ ထိုင်နေသည့်
နေရာတွင် ဝုန်းခနဲ ထိုင်ချလိုက်တော့ သူ
အလန့်တကြား ထ ခုန်မိသည် ။

သရဲဖြစ်တာတောင် သူများကို ကြောက်အောင် ခြောက်ဖို့နေနေသာသာ ၊ ကိုယ့်အပေါ်
တက်ထိုင်မခံရအောင် လိုက်ရှောင်နေရမည့်
အဖြစ် ။ သရဲဖြစ်နေသော ကာလပတ် တလျှောက်လုံး သူ public area တွေမှာ
မထိုင် ဟု စိတ်နာနာနှင့် ဆုံးဖြတ်မိသည် ။

သူ စိတ်ညစ်ညစ်နှင့် နေရာမှ ထ ထွက်
လာလိုက်သည် ။ လမ်းသွားတော့လည်း
ကိုယ်ကချည်း လူတွေကို ရှောင်ပေးနေရတာ
စိတ်ပျက်စရာ ။ စျေးဆိုင်တွေ ၊ လူတွေ ၊
ကားတွေနှင့် လှုပ်လှုပ်ရှားရှား လူ့ပြည်လူ့ရွာကြီးက သူနဲ့ မသက်ဆိုင်တော့သလို ။

နာရီပေါင်း တစ်ရာခြောက်ဆယ့်ရှစ်ကို ကျော်လွန်၍ Where stories live. Discover now