** Unicode **
ကံ ၊ ကံ ၊ ကံ ၊ ကံ ။
ကပ် ၊ ကပ် ၊ ကပ် ။ကပ်သုံးပါး ၊ ဘေးအမျိုးမျိုးနဲ့ လင်းတို့
နိုင်ငံကြီးမှာ အကြားရဆုံးက အဲ့ဒီ့ ကံဆိုတဲ့
စကား ။ လင်းသည်လည်း ဗုဒ္ဓဘာသာဝင်
ပီပီ ကံကိုတော့ သက်ဝင်ယုံကြည်မှုရှိပါတယ်။ သို့သော်ငြားလည်း တန်ဆေး
လွန်ဘေးဆိုတဲ့ အတိုင်းပဲ ဘယ်အရာကမှ
တရားလွန်လုပ်တာ မကောင်းဘူးပေါ့ ။ဟာ ။ ကံဆိုတာအလကားပါ ငါတော့ ကံကို
မယုံဘူးလို့ တရားသေသတ်မှတ်လို့မရသလို
ကံကိုချည်းပဲ ထိုင်တနေလို့မရဘူး ။ ဒါကတော့ လင်းရဲ့အမြင်ပါ ။ ကွဲလွဲနိုင်ပါတယ်။မြတ်စွာဘုရားရဲ့တရားတော် ၊ ဆရာတော်သံဃာတော်တွေ ဆီက နာယူဖူးတာကို ပြန်ပြောရမယ်ဆိုရင် " မဇ္ဈိမပဋိပဒါ"
အစွန်းရောက်ခြင်းကင်းတဲ့ အလယ်အလတ်
လမ်းစဥ်ကို ကျင့်သုံးတာ အမှန်ဆုံးပါ ။
ဘယ်အရာမဆို မျှမျှတတတွေးဖို့လိုပါတယ်။အရပ်ထဲမှာ တချို့လူကြီးတွေနဲ့ လူငယ်တွေ
အချင်းမှာနေတာ မြင်ကြတော့ တို့အချစ်တွေရော လူကြီးတွေနဲ့ စကားများကုန်ကြပြီလားလို့ တွေးမိလို့ပါ ။ လူကြီးတွေကလည်း ဟာ
ကံမှကံ ၊ ငါတို့ကို ဘုရားပဲကယ်မှာပေါ့ ၊
လူငယ်တွေကလည်း ကံကိုမယုံဘူး ၊
လက်တွေ့ပဲ ။ တချို့သော အိမ်တွေမှာ
ဖြစ်တာပေါ့ ။ မျှတွေးတတ်တဲ့ မိသားစုတွေလည်း အများကြီးပါ ။ဟုတ်ပါတယ် ။ ကံအတွက် ကုသိုလ်ကောင်းမှုလုပ်ရပါမယ် ။ ဒုက္ခရောက်မှမဟုတ်ဘဲ လုပ်သင့်လုပ်ထိုက်တာတစ်ခုလို
နေ့စဥ်နေ့တိုင်းလုပ်ပေးရင် အလွန်
ကောင်းမှာပါ ။ ဘုရားပုံမှန်ရှစ်ခိုး ၊ ပရိတ် ၊
ပဌာန်း ဖွင့်မယ် ၊ ရွတ်ဖတ်သရဇယ် တယ် ။
အရမ်းကိုကောင်းပါတယ် ။ဗုဒ္ဓဘာသာမှမဟုတ်ပါဘူး ။ ဘာသာတိုင်း ကိုယ် ယုံကြည်ရာ ကုသိုလ်ရေး ၊ ဘာသာရေးကို လုပ်ပေးခြင်းဖြင့် အဆိုးတွေကို
ထိုက်သင့်သလောက် တားဆီးပေးမှာပါ ။bold ပြထားတဲ့ စာလုံးလေးကို တွေ့တယ်မလား ။ အလုံးစုံလို့မပြောပါဘူး ။ ထိုက်သင့်
သလောက်ကိုပြောတာပါ ။ ကံဆိုတာ
အလုပ်ဆိုတဲ့အတိုင်း ပစ္စုပ္ပန်မှာ လုပ်တဲ့
အရာတိုင်းက အနာဂတ်အတွက် ကံကြမ္မာတခု ဖြစ်လာမှာပါ ။
YOU ARE READING
နာရီပေါင်း တစ်ရာခြောက်ဆယ့်ရှစ်ကို ကျော်လွန်၍
Paranormal** Unicode ** နာရီပေါင်း တစ်ရာခြောက်ဆယ့်ရှစ်ကို ကျော်လွန်ပြီးနောက်မှာ ။ ** Zawgyi ** နာရီပေါင်း တစ်ရာခြောက်ဆယ့်ရှစ်ကို ကျော်လွန်ပြီးနောက်မှာ ။