Chapter - 11

338 33 13
                                    

** Unicode **

နေလုံးနီနီကြီးက အရှေ့အရပ်မှ ပြူထွက်လာသည် ။ အခုထိငိုက်နေသည့် မျက်စိ
နှစ်ကွင်းကို နေဘုန်း ခပ်နာနာပွတ်လို့
အိပ်ရာပေါ်က လူးလဲထလာ၏ ။ မနေ့ညက
နှစ်​ယောက်သား ခွဲရမည့်အတူတူ စကားထိုင်ပြောရင်း တော်တော်နှင့်ကို အိပ်မရခဲ့ ။

ဒီ ကလေးက ကြက်တူရွေးရှုံးအောင်
စကားများသည် ။ မနေ့ညကဆိုရင် "
ခင်ဗျားကို ကျွန်တော်ချစ်တယ် ကျွန်တော့်
ကိုလည်း ခင်ဗျားချစ်တယ် အဲ့တော့
ကျွန်တော့်အကြောင်းပြောပြမယ် " ဟုဆိုကာ
သူ့အကြောင်းတွေချည်း ဒိုင်ခံ အားပါးတရ
ပြော၏ ။

သူ့အကြောင်း ဆိုသော်ငြား အလယ်တန်း ၊
အထက်တန်းဘဝက ကျောင်းသားအမှတ်တရတချို့လည်း ပါသလို ၊ ရတုတို့
ကိုငယ်တို့ အကြောင်းလည်း ပါသည် ။
ရင်းနှီးရသော သူငယ်ချင်းအချို့လည်း
ပါ၏ ။ ဆယ့်ရှစ်နှစ်မပြည့်တပြည့် ကောင်လေးရဲ့ စကားဝိုင်းမှာ ထင်ထားတာထက်
ရိုးစင်းသည် ။

" ကိုယ် ဒီနေ့ရုံးကို ခွင့်တင်ထားတယ်
ရ​က်လည်ပြီးတဲ့အထိ မင်းနားရှိပေးမှာပါ "

" ကျွန်တော့်ရဲ့ ဒီလို အရေးကြီးတဲ့နေ့မှာ
သွားရဲသွားကြည့်ပါလား ဂုတ်ချိုးပြီး
ခင်ဗျားကို ကျွန်တော်နဲ့ဘဝတူဖြစ်အောင်ကို
လုပ်ပစ်ဦးမှာ "

မျက်နှာသစ် ၊ သွားတိုက်လုပ်ရင်း
ကြည်သာမိုးရဲ့ မလျော့သော လေလုံးကို
ကြားတော့ သူ ပြုံးမိသည် ။ ဆက်ဆံရေး
တခုကနေ နောက်တခုပြောင်းပြီးသည့်တိုင်
ကြည်သာမိုးက စ တွေ့စဥ်တုန်းကလို
လေလုံးထွားဆဲ ။

" ကိုယ် ဘုရားစာရွတ်ရင် မင်းလည်း
လွင့်ထွက်သွားမှာများ "

စစတွေ့ချင်းနေ့က ပြောခဲ့သော စကားချင်း
တူသော်လည်း လေယူလေသိမ်းချင်း
ခြားနားလှသည် ။ သွားတိုက်ဆေးအမြုပ်တွေ ပါးစပ်အပြည့်နှင့် ပလုပ်မကျင်းရသေးသည့် နေဘုန်းက မှန်ကို တချက်
ငေးကာ ဆွေးမြေ့မြေ့ဆိုလာခြင်းသာ ။

သူတို့နှစ်ဦး စ တွေ့သည့်နေ့ ၊ သူ့နောက်ကို
တဖားဖားလိုက်နေသော အရိပ်သေးသေးလေးရဲ့ ဟန် ၊ အတူရှိခဲ့သော တစ်ပတ်
မပြည့်သည့် ကာလတစ်ခု ။ မခွဲခင်ကတည်းက ဟာတာတာဖြစ်ချင်နေသည့်
သူ့ရင်ထဲ အရာအားလုံးက လွမ်းမော
တမ်းတဖွယ်အတိ ။

နာရီပေါင်း တစ်ရာခြောက်ဆယ့်ရှစ်ကို ကျော်လွန်၍ Where stories live. Discover now