** Unicode **
လမ်းဘေးဓာတ်တိုင်မှ လာသည့် ဝါကြင့်ကြင့်
မီးရောင်က တလမ်းလုံးကို ဖြန့်ကြတ်ထား
၏ ။ ရန်ကုန်မိုးပီပီသသ တဖြောက် ၊
နှဖြောက်နှင့် ပျင်းတိပျင်းရွဲ ရွာနေသည့် မိုးအောက်မှာ လူတွေက အစာရှာနေတဲ့ ပုရွက်ဆိတ်တွေလို ။လမ်းမတန်းတလျှောက် ပျားအုံတွေလို
ပူးပူးကပ်ကပ် ဆောက်ထားသည့် တိုက်တွေက လင်းတဲ့နေရာ လင်းပြီး မှောင်တဲ့နေရာ
မှောင်လို့ ။ ရန်ကုန်မြို့ရဲ့ ညနေခင်းပီပီ
ထီးရောင်စုံ ၊ ဆိုင်ကယ်ရောင်စုံ ၊
ကားရောင်စုံနှင့် ရှုပ်ရှပ်ခတ်နေ၏ ။" ကြည်သာမိုး မင်း ဘယ်မှာလဲ "
လမ်းပေါ်က ကားသံ ၊ လူသံ ၊ ခွေးသံတွေကို
ကျော်၍ ခွန်းကြည်သာမိုး နားထဲ ဖုန်းထဲမှ
ဖေ့ဖေ့ အသံက ဟိန်းထွက်လာသည် ။" လမ်းမှာလေ "
" ငါ့ကို လာနောက်နေတာလား အတိအကျ
ပြောစမ်း "လူငယ်ပီပီ ရွှတ်ချင်သည့် ကြည်သာမိုးက
ပေါ့ပေါ့လေး ပြောပြီးသည်နှင့် ထွက်လာတဲ့
ဖေဖေ့ ဒေါသသံ ခပ်ဆတ်ဆတ်ကြောင့် သူ
ဖုန်းကို နားကနေ ခွာလိုက်ရတဲ့အထိ ။" ဟုတ်ကဲ့ စမ်းချောင်းမြို့နယ် ဗဟိုလမ်းမှာပါ
ခင်ဗျ အခုဆိုရင် အာရှတော်ဝင်ဆေးရုံကြီး
ကျော်လာပါပြီ ခင်ဗျ ကားမှတ်တိုင်ကို
လမ်းလျှောက်သွားနေပါပြီ ခင်ဗျာ ဟော ဟိုမှာ မှတ်တိုင် တွေ့ပါပြီ ခဏနေ ကားလမ်း
ကူးပါပြီခင်ဗျာ "" ခွန်းကြည်သာမိုး ငါ့ကို အရူးကွက်
လာမနင်းနဲ့ ဆယ်မိနစ်အတွင်း ရအောင်
အိမ်ပြန်ခဲ့ မင်းနာမယ် တောက် "ဘောလုံးပွဲ ကြေငြာသလို အသံနေအသံထား နှင့် ပြောလာသည့် သူ့ စကားလုံးတွေက
ဖေဖေ့ ဒေါသကို မဖြေပေးနိုင် ။ ချိန်ကိုက်ဗုံး
တစ်လုံးလို ပေါက်ကွဲတော့မည့် ဖေဖေက
မာမာထန်ထန်ပြောလို့ ဖုန်းချသွားပြီ ။လပတ်စာမေးပွဲမှာ တတန်းလုံးတွင် နောက်ဆုံးကရေရင် အဆင့်နှစ် ရသော သူ့ကို
ဖေဖေ မေမေတို့ ဒေါကန်နေသည့်အထဲ သွား
နောက်လိုက်သည့် သူ့အပြစ်ပင် ။ ဒါတောင် ကျောင်းသားတစ်ယောက်က စာမေးပွဲ
လာ မဖြေ၍ သူ ဘိတ်ချေး မရခြင်းသာ ။
![](https://img.wattpad.com/cover/373171679-288-k421447.jpg)
VOUS LISEZ
နာရီပေါင်း တစ်ရာခြောက်ဆယ့်ရှစ်ကို ကျော်လွန်၍
Fantastique** Unicode ** နာရီပေါင်း တစ်ရာခြောက်ဆယ့်ရှစ်ကို ကျော်လွန်ပြီးနောက်မှာ ။ ** Zawgyi ** နာရီပေါင်း တစ်ရာခြောက်ဆယ့်ရှစ်ကို ကျော်လွန်ပြီးနောက်မှာ ။