Chapter- 13

557 34 10
                                    

** Unicode **

ပိတ်ရက်မနက်ခင်းဝေလီဝေလင်းမို့ တိုက်ခန်းရှေ့ လူအလွန်စည်သည် ။ လှည်းတွန်းပြီး
ဖြတ်ဖြတ်သွားသည့် စျေးသည်တို့ရဲ့
အသံပေါင်းစုံက တိတ်သွားတယ်မရှိ ။
နေဘုန်းတို့ တိုက်ခန်းရှေ့တွင် ရပ်ထားသည့်
အံစားတုံးကားဖြူဖြူလေးရှေ့တွင် လွယ်အိတ်ကိုယ်စီလွယ်ထားသော နေရဲနှင့်
ရတုမှာ မျက်နှာမသာမယာ ။

" ကြေလိုက်ပါတော့ ကိုငယ်ရာ "

" ဆောရီးပဲဟေ့ရောင် "

" ကိုငယ့်ကို ပြန်တောင်းပန်လိုက်ပါ
ကိုလင်းနော် "

" ငါ မင်းကို ဒီနေရာတော့
အလိုမလိုက်နိုင်ဘူး လင်းမြတ်ဘိုဆိုတဲ့ကောင်က ဘယ်တုန်းကမှ မမှားဘဲ မတောင်းပန်ဘူး "

နေရဲက ကိုငယ့်ကို ဖြောင်းဖျသလို ရတုကလည်း ဘိုဘို့ကို တောင်းတောင်းပန်ပန် ဆိုသည် ။ သို့ရာတွင် ကာယကံရှင်နှစ်ဦးက
တုပ်တုပ်ကိုမလှုပ် ။ ကြည်သာမိုး
ရက်လည်နေ့က ထိုးပွဲကြိတ်ပွဲက ရန်စတွေမှာ
အခုထိ မစဲနိုင်ဘဲ မကြေပွဲပင် နွှဲနိုင်ချေရှိသည် ။

ထိုကိစ္စမှာ ဘိုဘို မှားသလို ကိုငယ့်အမှား
နဲ့လည်း မကင်း ။ ဖြစ်ကြောင်းကုန်စုံကို
ရတု ပြောမှသိလိုက်ရသည် ။ ထိုနေ့က
ကိုငယ်ပြောခဲ့သည့်စကားမှာ

" ကြည်သာ့ကို စိတ်မချရင် မင်း ဘုရားကောင်းကောင်းရှစ်ခိုး စာသေချာကြိုးစား
ဒါ သူ့ကိုတဖက်တလမ်းက ကူညီတာပဲ "

ဟူ၍သာ ။ ရတု ဒီလိုဇွတ်တရွတ်ထွက်သွားသည့် တရားခံမှာ ကိုငယ် ဟု ထင်ခဲ့သမျှ
တက်တက်စင်အောင်လွဲတော့သည် ။ ကိုငယ်ကလည်း အစက ပေါက်တတ်ကရပြောဖို့
အစီအစဥ်ရှိခဲ့သော်လည်း ရတုကို သနား၍
အကောင်းပြောခဲ့ခြင်းသာ ။ သို့သော်
အကောင်းလုပ်မှ အဆိုးမြင်ခံရပြီး လှိမ့်ပိန့်
ထိုးခံလိုက်ရသဖြင့် ကိုငယ်မှာ စိတ်အနာကြီး
နာလျက်ရှိသည် ။

" ကြည်သာသာရှိသေးရင်ကောင်းမှာပဲ "

နေရဲက တောင်းတောင်းတတပြောသည် ။
သူတို့အုပ်စုထဲတွင် ကိုငယ်က လူနောက် ၊
ဘိုဘိုက သူသိသူတတ် ၊ သူက ကြားနေ ၊
ရတုက ကလေးကြီး ဖြစ်သလို ကြည်သာကလည်း ငြိမ်းချမ်းရေး သံတမာန်ဖြစ်ခဲ့၏ ။

နာရီပေါင်း တစ်ရာခြောက်ဆယ့်ရှစ်ကို ကျော်လွန်၍ Where stories live. Discover now