Chapter - 12

365 31 24
                                    

** Unicode **

" အီးဟီးဟီး ငါ ဒီလိုဘဝကြီးမှာ မနေချင်ဘူး
ငါ့ကိုမကယ်နိုင်တော့ဘူးလား "

ကျက်သရေကျက်သရာမရှိသော
ငိုချင်းချသံကြီးကြောင့် မျက်နှာချင်းဆိုင်
အခန်း နှင့် အပေါ်ထပ် ၊ အောက်ထပ်က
စပ်စပ်စုစု လူတွေအပြေးတက်လာလျက် ။
အေးစက်စက် ၊ ထုံပေပေ ရုပ်နဲ့ မင်းခန့်မှာ
အခုတော့ ငိုယိုရင်းကပင် ခန္ဓာကိုယ်ကို
ကြမ်းပြင်ပေါ် လှဲချကာ လူးလှိမ့်နေသည် ။

" အမလေး ကိုငယ်တို့လာဆွဲပါဦး
ဘယ်လိုဖြစ်တာလဲမသိဘူး "

" အာ ဒေါ်လေးကလည်း မဆွဲရဲပါဘူး
ကြောက်စရာကြီး သရဲဝင်ပူးနေ
တာလားမသိဘူး "

ဘုန်းကြီးတွေ ၊ လူကြီးရှေ့ ရုပ်ပျက်ဆင်းပျက်
အမြင်မတော်သည့်ပုံစံနှင့် မင်းခန့်ကို အိမ်ရှင်
ဖြစ်သော ကြည်သာ့အမေက ဝင်ဆွဲခိုင်းသော်လည်း ဘယ်သူ့မှမဆွဲရဲ ။ အိမ်ရှင်
အမျိုးတွေက အနားမသီရဲတော့ သရဲပါးဝ
နေသည့် နေဘုန်းကပဲ အနားတိုးကာ
တီကောင်ဆားတို့ခံရသလို တဖြတ်ဖြတ်
လူးလှိမ့်နေသည့် မင်းခန့် ကိုယ်ကို
ဆွဲကိုင်ထားရသည် ။

ဆရာတော်တွေအရှေ့ အမြင်သင့်တော်
အောင် လှဲရက်သားဖြစ်နေသော မင်းခန့်ကို
နေဘုန်း ဆွဲထူကာ ထထိုင်စေ၏ ။ လွတ်ထွက်ပြီး ထ မဖောက်စေရန် သူ့ လက်
သန်သန်တွေနဲ့ မင်းခန့်ပုခုံးကို ချုပ်ကိုင်
ထားရသည် ။

" ဒကာလေး ဘာလိုချင်လို့လဲ ဒါ ကုသိုလ်လုပ်နေတဲ့အချိန် ဒီလိုနှောင့်ယှက်တာ
အကုသိုလ်ဖြစ်စေတယ် ဒကာလေးက
ဘယ်သူလဲ "

" ငါ ဒီဘဝကြီးမှာ မနေချင်တော့ဘူး
ငါ့ကိုကယ်ပါ ငါ့ကို..."

မေတ္တာနှင့် အေးအေးချမ်းချမ်း မိန့်လာသည့်
ဆရာတော့်စကားကိုလည်း ခွန်းတုန့်မပြန်ဘဲ
အော်ချင်ရာအော်နေသော မင်းခန့်မှာ
အသံနက်ကြီးအဆုံးတွင် နေဘုန်း လက်ပေါ်
ပျော့ခွေကျသွားလျက် ။

" မင်းခန့် မင်းခန့် ရရဲလား "

မင်းခန့်ကို လှုပ်ကာ ၊ လှုပ်ကာ နှိုးနေသော
နေဘုန်းအနား ကြည်သာမိုးအပါအဝင်
လူတွေ ဝိုင်းအုံလာသည် ။ ကာယကံရှင်
မင်းခန့်ခမျာ ဘာမှမသိသလို သူ့နား
စုနေသော လူအုပ်ကြီးကိုကြည့်လိုက် ၊
သူ့ကို ထိန်းကိုင်ထားသည့် နေဘုန်းကို
ကြည့်လိုက် နှင့် ကြောင်တောင်တောင်
ဖြစ်နေရှာ ။

နာရီပေါင်း တစ်ရာခြောက်ဆယ့်ရှစ်ကို ကျော်လွန်၍ Donde viven las historias. Descúbrelo ahora