Chapter - 6

390 33 20
                                    

** Unicode **

" အဲ့ဒါ ဘာကြီးတုန်း "

" ouija board လေကွာ "

" ဘာ ဘာလုပ်ဖို့လဲဟေ့ကောင် "

" သရဲခေါ်ဖို့လေ မင်းပဲ ကြည်သာမိုး
မကျွတ်သေးတာမယုံဘူးဆို "

သူတို့တိုက် အနောက်ဘက် မြေကွက်လပ်
အရိပ်ရ ဗံဒါပင်ကြီးအောက်တွင် စုရုံးနေ
ကြသည့် ကောင်လေး လေး​ယောက် ။

နံပါတ်တွေ ၊ အင်္ဂလိပ်စာလုံးတွေ
ရေးထားသည့် သစ်သားပြားကြီးကို
ယူလာသူမှာ ကြည်သာမိုး အန်တီလေး၏
သား " ကိုငယ် " ဆိုသူ ။ ကိုငယ်က မဟုတ်တဲ့
နေရာမှာဆို တလွဲဆံပင်ကောင်းတတ်သူ
ဖြစ်သည် ။ အခုလည်း အခြားကောင်လေး
သုံး​ယောက်မှာ မျက်စိမျက်နှာပျက်နေသလောက် သူကတော့ ခပ်တည်တည်ပင် ။

" အဲ့​ အဲ့ဒါ တကယ့်အစစ်ကြီးလား "

" အေးပေါ့ကွ ငါ့သူငယ်ချင်းဆီက
စျေးကြီးပေးပြန်ဝယ်ထားရတာ "

" မင့်ဟာက ဟုတ်ရောဟုတ်ရဲ့လား "

" ဟုတ်မဟုတ် အခုစမ်းကြည့်မှသိမှာပေါ့
လာ လာ ဝိုင်းထိုင်ရအောင် "

သံသယတွေနှင့် မေးလာသည့် သူငယ်ချင်းရဲ့ စကားအဆုံး ၊ ကိုငယ်က အပေါင်းအသင်းတွေကို စက်ဝိုင်းပုံစံ ဝိုင်း ထိုင်ခိုင်းလျက် ouija board ကို အလယ်တွင် နေရာချလိုက်သည် ။

" မင်းတို့နှစ်ကောင်က ဒီအပြားပေါ်
လက်တင်ထားရမှာ ဘိုဘို မင်းက
မယုံတဲ့ကောင်ဆိုတော့ ဘာမှလုပ်စရာ
မလိုဘူး သူပြောတဲ့ စာလုံးတွေကို
ချမှတ်ကွာ "

မှန်ဘီလူးဝိုင်းလေးပါသည့် ပလတ်စတစ်နှင့်
လုပ်ထားသော အသည်းပုံချပ်ပြားလေးပေါ်
ကိုငယ် ၊ ရှားရတုနှင့် ဇင်နေရဲတို့က
လက်ချောင်းကိုယ်စီ တင်ရ၏ ။

လင်းမြတ်ဘို ခေါ် ဘိုဘို့ကိုတော့ ကိုငယ်က ဘောင်းဘီအိတ်ထဲက စာရွက်တစ်ရွက်နှင့် ဘောပင်တစ်ချောင်း ကမ်းပေးသည် ။

" ကဲ စမယ်နော် ဟေ့ရောင်တွေ ငါ့နောက်က
လိုက်ဆိုကြ "

စာမှတ်မည့်လူကလည်း အဆင်သင့်
ဖြစ်နေသလို ၊ သူတို့လက်တွေလည်း
ချပ်ပြားပေါ် အသီးသီးရောက်ကုန်ပြီဖြစ်၍
ပွဲ စ ဖို့သာ ကျန်တော့သည် ။ အုပ်စုထဲတွင်
ကိုငယ်က ခေါင်းဆောင်ဖြစ်ပြီး ဘိုဘိုတို့မှာ
အဖွဲ့သား သက်သက်သာ ။

နာရီပေါင်း တစ်ရာခြောက်ဆယ့်ရှစ်ကို ကျော်လွန်၍ Where stories live. Discover now