ခေါင်းစီး ရန်သူ့ချစ်ဇနီး
အပိုင်းရေ 100 ~ 150 ဝန်းကျင်
ဇာတ်ညွှန်း
ကျောက်မုန့်ချန်က ရှန်းတိုင်းပြည်ရဲ့ တော်ဝင်မင်းသမီးတစ်ပါး ဖြစ်သလို စစ်သူကြီးတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ သူမရဲ့ မယ်တော် မရှိတော့ကတည်းက သူမခမည်းတော်က နောက်ဇနီးရဲ့ အကြိုက်ကို လိုက်ပြီးတော့ သူမကို ဖိနှိပ်ထားခဲ့ရာကနေ တိုင်းပြည်နှစ်ခုအကြားက စစ်ပွဲအတွင်းမှာ သူမကို လက်စတုံးပစ်လိုက်ဖို့ ကြံစည်ခဲ့ပါတယ်။
ကျောက်မုန့်ချန်က သူမရဲ့ ခမည်းတော်နဲ့ တိုင်းပြည်ကို စွန့်လွှတ်လိုက်ပြီးတော့ သူမရဲ့ စစ်သည်တော်တွေ ရှင်သန်နိုင်ဖို့ အသက်ကို စတေးလိုက်ပြီး နောက်မှာတော့...
ရန်သူ့တိုင်းပြည်မှာ ပြန်လည်မွေးဖွားလာခဲ့ပါတော့တယ်။
... ပထမဘဝ ယွီဝမ်ချင်းဟန်ရဲ့ အရံကြင်ရာတော်
... ဒုတိယဘဝ ချင်ဝမ်ရဲ့ ဝမ်ဖေး (ယွီဝမ်ချင်းဟန်ရဲ့ ဘွဲ့)
... တတိယဘဝ ချင်ဝမ်ရဲ့ အကြံပေးအမတ်ငယ်လေး (အမျိုးသားတစ်ဦးရဲ့ ကိုယ်ထဲ ရောက်သွား)
... စတုတ္ထဘဝ ထိုက်ဇီဖေး (အိမ်ရှေ့စံမိဖုရား) (ယွီဝမ်ချင်းဟန်က အိမ်ရှေ့စံ ဖြစ်သွား)
...... "ဒီမင်းသမီးက ပြန်လည် ရှင်သန်ရတာကို တအားကို စိတ်ကုန်နေပြီဟေ့... ဒီတစ်ကြိမ် အဲဒီခွေးမင်းသား လက်ထဲကနေ မလွှတ်နိုင်ရင် ငါ အဲဒီခွေးမင်းသားကို ငရဲမှာ သွားသေခိုင်းလိုက်တော့မယ်"
အကြည့်တစ်ချက်နဲ့ ဇနီးသည်ကို မှတ်မိသွားတဲ့ ယွီဝမ်ချင်းဟန်က ဆိုပါတယ်။
"အချစ်ရေ... မင်း အဲလို ခက်ထန်နေလို့ မရတော့ဘူးလေ မင်းက ဧကရီ ဖြစ်လာတော့မှာ ပြီးတော့... ကိုယ်က ခွေးမင်းသား မဟုတ်ဘူးနော်... ကိုယ်က ဧကရာဇ်ဖြစ်နေပြီလေ"