ရန်သူ့ချစ်ဇနီး_8

706 57 2
                                    

ရန်သူ့ချစ်ဇနီး_8

အဲဒီလူနှစ်ယောက် တိုက်ကွက်ပုံစံ ပြောင်းလိုက်တာကို မုန့်ချန် သတိပြုမိလိုက်တယ်။ မုန့်ချန် နှုတ်ခမ်းတွေ ချက်ချင်း ကော့တက်သွားတယ်။

ထွက်ပြေးချင်တာလား၊ လာခဲ့ပြီးမှတော့ ထွက်ပြေးချင်ရင် မင်းတို့ရဲ့ ထွက်သက်ကို ချန်ထားခဲ့လိုက်ကြတော့..၊

မုန့်ချန် တစ်ယောက်ကို ခြေထိပ်ဖျားနဲ့ လှည့်ကန်ပစ်လိုက်ပြီးမှ နောက်တစ်ယောက်ဆီကို ဒူးနဲ့ ပစ်တိုက်လိုက်တယ်။ နောက်တော့ လည်မျိုတည့်တည့်ကို ဆံထိုးနဲ့ ထိုးစိုက်လိုက်တယ်။ အဲဒီလူက နှစ်စက္ကန့်လောက် ဆန့်ငင်ဆန့်ငင် ဖြစ်သွားပြီးမှ ငြိမ်သက်သွားတယ်။

တစ်ယောက်ကို ရှင်းပြီးပြီ ဆိုမှ မုန့်ချန်က သွေးစွန်းနေတဲ့ ဆံထိုးကို ဆွဲထုတ်လိုက်ပြီး တစ်ယောက်ဆီကို လှည့်လိုက်တယ်။ အဲဒီတစ်ယောက်က မုန့်ချန်ရဲ့ တိုက်ခိုက်နိုင်စွမ်းကို သံသယကင်းရှင်း သွားပြီမို့ ခြေဦးတည့်ရာ ထွက်ပြေးဖို့ ပြင်နေတယ်။

ထိုင်ခုံတစ်လုံးကို ကန်ပစ်လိုက်ပြီးမှ အနောက်မှာ လူပါ ပြေးလိုက်သွားတယ်။ အဲလူက ထိုင်ခုံကို ရှောင်လိုက်ပေမဲ့ မုန့်ချန်ရဲ့ သူ့လည်ပင်းဆီ ကန်ချက်တစ်ချက် လှမ်းကန်ပစ်လိုက်တာကို ရှောင်လိုက်ဖို့တော့ နောက်ကျသွားတယ်။

ဖင်ထိုင်လျက် လဲကျသွားပြီးတော့မှ နောက်ထပ် ဒူးနဲ့ တိုက်ချက်ကို ကိုယ်ကို လိမ့်ပြီး ရှောင်လိုက်တယ်။ သူ လိမ့်ရှောင်လိုက်မှာကို တွက်ဆပြီးသားမို့ မုန့်ချန်က သူ့ကိုယ်ပေါ်ကို တက်စီးလိုက်ပြီးတော့ ဂုတ်ပိုးကို လက်ဝါးစောင်းနဲ့ ရိုက်ပြီး သိပ်လိုက်တယ်။ ကံဆိုးစွာနဲ့ ချက်ချင်း မေ့မျောသွားတာ မဟုတ်တော့ နှစ်ချက်တိတိ ရိုက်ချပစ်လိုက်ရတယ်။

ဒီအားမရှိတဲ့ သောက်ခန္ဓာကိုယ်လေးကတော့...။ အားစိုက်ထုတ်မှုကို နှစ်ခါ နှစ်ခါ လုပ်နေရတယ်။

တိုက်ခိုက်မှု ပြီးသွားတော့ နှစ်ယောက်လုံး ငြိမ်သက်သွားပေမဲ့ မုန့်ချန်လည်း ပင်ပန်းသွားပြီ ဖြစ်တယ်။

ဒါပေမဲ့ မနားနိုင်သေးဘူး။ ဒီသေသွားတဲ့ ကောင်ကိုတောင် အားကျတယ်။ သေလိုက်တာနဲ့ ပြီးသွားတာပဲ။ သူမမှာတော့ ဒီအရှုပ်တွေကို ဖြေရှင်းဖို့ လုပ်ရအုံးမယ်။

ရန်သူ့ချစ်ဇနီးWhere stories live. Discover now