ရန်သူ့ချစ်ဇနီး_5
မုန့်ချန် ညနက်သည်အထိ စောင့်လိုက်ပြီးမှ ပေါ့ပေါ့ပါးပါး အဝတ်အစားကို လဲလှယ်လိုက်သည်။ ဒီချီလင်းချန်၏ အဝတ်အစားများက ရှုပ်ထွေးသည်။ သွက်သွက်လက်လက် လှုပ်ရှားဖို့ကို ခက်ခဲစေသည်။ သို့သော် မုန့်ချန်မှာ ရွေးချယ်ဖို့ အခွင့်အရေး မရှိပေ။ အတတ်နိုင်ဆုံး လှုပ်ရှားရ လွယ်ကူသည်ကိုပဲ ရွေးပြီးနောက် ခပ်မြန်မြန်ပဲ ဝတ်ဆင်လိုက်သည်။
ဆံပင်များကို ထုံးချည်လိုက်ပြီးနောက် ဓားမြောင်ကို ခါးမှာ သေချာထိုးလိုက်သည်။ အိမ်တော်မှ ထွက်လာပြီးနောက်မှ တံတိုင်းမှ မကျော်ခင်မှာ အနောက်ကို သေချာ စစ်ဆေးကြည့်လိုက်မိသည်။
ပြီးတာနှင့် နေ့လည်ခင်းတုန်းက စာကြည့်ခန်းမှာ ကြည့်ခဲ့သော မြို့တော်အခြေပြ မြေပုံအတိုင်း မင်းသား(၂)အိမ်တော်ဆီကို ခပ်သွက်သွက် ပြေးလာခဲ့သည်။ မင်းသား(၂)၏ အိမ်တော်က သာမန်မင်းသားငယ်တစ်ပါး၏ အိမ်တော်လိုမျိုးပဲ ဖြစ်သည်။ ထူးထူးခြားခြား ခမ်းနားတာမျိုးတော့ မဟုတ်ပေ။
သို့သော် ဆန်းတာက မင်းသား(၂) အိမ်တော်က ကင်းလှည့်ရဲမက် မရှိပေ။ သို့သော် လုံးဝ မရှိဘူး ဆိုရင်တော့ ပိုကောင်းနိုင်သည်။ သို့သော် ဒီမင်းသား(၂)က အိမ်တော်ကို ဟိတ်ဟန်ကြီးမှာမျိုး အလိုမရှိရုံတင်လို့ မုန့်ချန် ထင်သည်။
ဘာလို့ဆို ကိုယ်ရောင်ဖျောက်ထားသော အေးစက်စက် အငွေ့အသက်များကို မုန့်ချန် ရနေသေးသည်။ ဆိုလိုတာက ဒီအိမ်တော်မှာ မမြင်ရသော ကာကွယ်သူများ ရှိနေတယ် ဆိုတာပဲ။
မုန့်ချန် တည်နေရာကို အသေအချာ ရွေးချယ်လိုက်သည်။ ပြီးတာနှင့် အိမ်ထဲကို ခုန်ဝင်သွားလိုက်သည်။ အိမ်တော်က ပန်းပွင့်ပုံလက်ယာရစ် ဆောက်ထားတာ ဖြစ်သည်။ ဖြစ်နိုင်ချေက ဝတ်ဆံ ရှိသောနေရာက အိမ်တော်သခင်၏ ပင်မခန်းမဆောင် ဖြစ်နိုင်သည်။
ဒါဆို မုန့်ချန်၏ အလောင်းကို ဘယ်နားမှာ ထားထားတာ ဖြစ်နိုင်မလဲ၊ အိမ်တော် တစ်ဝန်းလုံးကို လှည့်ကြည့်ပြီးသွားသောနောက်မှာ မီးအလင်းပျပျလေး ရှိနေသော ခန်းမတစ်ခုကို မြင်လိုက်ရသည်။