ရန်သူ့ချစ်ဇနီး_4
၍မရနိုင် ဖြစ်နေသည်။ အလောင်းတောင် အလွတ်မပေးပေ။ ဒီလူက သိပ်ကို ရည်ရွက်ချက် ကြီးမားတာပဲ။
ငါ့အလောင်းကို သယ်လာပြီးနောက် သူက ဘာလုပ်ချင်တာလဲ။ ဖြစ်နိုင်တာက...။
"အလောင်းကို သူက ဘာလုပ်မလို့လဲ"
"ရှောင်ရှင်း ကြားတာတော့ ကျောက်မုန့်ချန်နှင့် မင်းသား(၂)က သုံးနှစ်တောင်မှ တိုက်ပွဲ ဖြစ်လာတာမို့ မင်းသား(၂)က လေးစားသောအားဖြင့် မြို့တော်မှာ သဂြိုဟ်ဖို့ အလောင်းကို သယ်ယူလာတာလို့ ကြားပါတယ်"
"အပိုတွေ.."
တခြားစစ်သည်တော် တစ်ယောက်၏ အသက်မဲ့ကိုယ်ကို သယ်လာတယ် ဆိုရင် မုန့်ချန်က သြော်.. သူက တကယ်ကို လေးစားပေးတာပဲဟု ထင်မြင်မိအုံးမည်။ သို့သော် လက်ရှိမှာတော့ ကျောက်မုန့်ချန်က တစ်ဖက်တိုင်းပြည်က မင်းသမီးတစ်ပါးမှန်း သိသိနှင့် သယ်ယူလာခြင်းကို လေးစားတာပါလားဟု လက်ခံပေးနိုင်ဖွယ်ရာ လုံးဝကို မရှိပေ။
မုန့်ချန် စစ်ပွဲအတွင်း သေဆုံးသွားသည်ကို ခမည်းတော်က လုံးဝကို စိတ်ဝင်စားမှာ မဟုတ်တာတော့ မုန့်ချန် သိသေးသည်။ သို့သော် မုန့်ချန်အလောင်းက တစ်ဖက်တိုင်းပြည်ကို ပါလာတယ် ဆိုရင်တော့ ဒါက မတူတော့ပေ။
ခမည်းတော်က မုန့်ချန်ကို အလေးမထားချင်ဘူး ဆိုရင်တောင်မှ ထိုသို့ နေ၍ မရတော့ပေ။ တိုင်းပြည်ကို တစ်ဖက်ရွဲ့နှင့် အုပ်ချုပ်နေသော ငါ့ခမည်းတော်က သူ့သမီးအလောင်းကို သယ်ယူလာပြီးနောက် ယွီဝမ်တိုင်းပြည်က ရှန်းတိုင်းပြည်ကို မထီမဲ့မြင် ပြုသည်ကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာ သိချင်သေးသည်။
ရယ်ရတယ်.. ငါ့ဖာသာ သေသွားတာတောင်မှ အခုထိ ရှန်းတိုင်းပြည်ကို ကာကွယ်လို့ မပြီးနိုင်သေးဘူးလား။ ငါ့အသက်တောင် တစ်သက် ဆုံးရှုံးခဲ့ပြီးပြီ၊ အခုထိ ငါက သူတို့ကို ကာကွယ် ပေးရအုံးမှာလား။
တစ်ယောက်ယောက်က ထွက်လာပြီး ဒီရှုပ်ထွေးနေတဲ့ ပြဿနာကို မဖြေရှင်းပေးနိုင်ဘူးလား။ အဲတစ်ယောက်ကို ငါ အဖေလို့တောင် ခေါ်နိုင်သေးတယ်။ ဘာပဲဖြစ်ဖြစ် ငါ့အဖေက မနာလိုတတ်တာကလွဲရင် အရည်အချင်း ပြည့်ဝနေတာမျိုးမှ မဟုတ်ဘဲ။ ဘယ်သူပဲ ငါ့အဖေဖြစ်ဖြစ် ငါ့အတွက်က အဆင်ပြေနေသားပဲလေ။