#ABO world ဆိုတာဘာလဲ။ABO world က Translation ficတွေအဖတ်များတဲ့သူဆိုရင်နှီးကြမယ်ထင်ပါတယ်။အများစုတရုတ်Ficတွေရှိတဲ့အပြင် နာမည်ကြီးအိုမီဂါလေးတွေလဲအများကြီးပါ။တခြား Universe တစ်ခုလို့လည်းမှတ်ယူနိုင်ပြီး ကျွန်တော်တို့အခုလက်တွေ့ကမ္ဘာနဲ့ကွာခြားပါတယ်။သူတို့ရဲ့ယဉ်ကျေးမှု၊ဆေးပညာ၊နိုင်ငံတွေကကျွန်တော်တို့လက်တွေ့ကမ္ဘာနဲ့ကွာခြားပါတယ် ။
Omegaverseဖြစ် တဲ့အလျောက် အများစုအနေနဲ့လူတန်းစားသုံးမျိုးရှိပြီး Alpha, Omega, Beta ပါ။နောက်တစ်ခုကရှားပါးတဲ့ Enigma ပါ။Omegaverseကယောက်ျားလေးတွေကလဲကိုယ်ဝန်ဆောင်နိုင်ပါတယ်။ပြောချင်တာကမိန်းကလေးပဲကလေးယူလို့ရတာမဟုတ်ဘဲ Omega အမျိုးသားတွေကလည်း အလားတူကိုယ်ဝန်ဆောင်နိုင်ပြီးAlphaအမျိုးသားကသူ့ကြိုက်တဲ့Omegaဆိုကျားကျားမမယူလို့ရပါတယ်။
#Alpha
Alpha တွေကထက်မြက်ပြီးထူးချွန်တဲ့သူတွေပါ။ခေါင်းဆောင်ပိုင်းအများစုမှာလဲသူတို့ကြီးပါပဲ။ကျားဖြစ်စေမဖြစ်စေထက်မြက်ပြီးခွန်အားကြီးသန်မာကြပါတယ်။ABO world မှာအင်အားအကြီးဆုံးဖြစ်ပြီး လွှမ်းမိုးလိုစိတ်များပါတယ်။အများစုကကိုယ့်ကိုကိုယ်အထင်အရမ်းကြီးပြီးသူတို့ကသာအမြင့်မြတ်ဆုံးအလံနီသမားများပါတယ်။သူတို့က pheromones တွေထုတ်လွှတ်နိုင်ပြီး သူတို့အဆင့်မြင့်ရင်မြင့်သလောက် pheromones ကလဲသန်မာပြီးလွှမ်းမိုးနိုင်ပါတယ်။အနံ့ကတော့လူတိုင်းမတူကွဲပြားပြီး စာရေးတဲ့သူအပေါ်မှာလည်းမူတည်ပါတယ်။ထူးခြားချက်က Omega တွေအပေါ်အချိန်မရွေးလွှမ်းမိုးချုပ်ကိုင်ထားနိုင်ပါတယ်။
#Beta
Betaကလက်တွေ့ဆန်ပါတယ်။ကျွန်တော်တို့လိုသာမန်လူတွေပါ။ရဲအရာရှိတွေအဖြစ်ပိုပြီးတွေ့ရပါတယ်။ဘာလို့ဆိုသူ့တို့က pheromones လဲမထုတ်နိုင်သလို ဘယ် pheromones ရဲ့အနံ့မှလည်းမရပါဘူး။ BetaတွေကAlphaနဲ့ယူနိုင်သလို Omega နဲ့လည်းပေါင်းဖက်နိုင်ပါတယ်။သူတို့အချင်းချင်းလဲယူနိုင်ပါတယ်။
#Omega
Omega တွေကအားအနည်းဆုံးပါ။သူတို့မှာလည်းအဆင့်မြင့်Omega တစ်ချို့ရှိပြီးအဲ့လိုလူတွေကတော့သန်မာကြပါတယ်။ဒါပေမဲ့Omegaတွေကလက်ခံသူတေွဖြစ်ပြီး Alphaနဲ့ယူယူBetaနဲ့ယူယူလက်ခံသူနေရာပါ။ကျွန်တော်လေ့လာရသလောက်ဘီတာနဲ့ဆိုရင် ကလေးမရနိုင်ဘူးလို့လည်း တစ်ချို့စာအုပ်တွေမှာဖော်ပြကြပါတယ်။ဒါကတော့ချွင်းချက်ပါ။စာရေးသူအပေါ်မူတည်တာလည်းဖြစ်နိုင်ပါတယ်။
YOU ARE READING
💕Heart strings 💕(အသည်းညှာ)
FanfictionEnigma &S Dominate Alpha ကျွန်တော်ရဲ့ဗီတာမင်လေးတွေအတွက် ကျွန်တော်ရဲ့ မွေးနေ့လက်ဆောင်မွန်...... ပဒါယီ