🍉🌻🌻ep1🌻🌻🍉

122 10 4
                                    


" WonBinnie"

နာမည်ခေါ်သံနှင့်အတူ ကျောခိုင်းထားသောအမျိုးသားကအသံလာရာဆီပြန်လှည့်ကြည့် လာလေသည်။သူ့လက်ထဲတွင် ရစ်ဘီးတစ်ခုကို ကိုင်ဆောင်ထားပြီး လက်ကကြိုးတစ်ခုကိုလက်ချောင်းလေးနှင့် ရစ်ကာလိုတိုးပိုလျော့လုပ်နေပေသည်။ကောင်းကင်တွင်ရစ်ဝဲနေသောစွန်ကထိုသူ၏လက်ချောင်းလေးရွေ့လျားရာနေရာအလိုက်ဦးတည်မှုရွေ့ပြောင်းနေလေသည်။









"ကျစ်....ဖြည်းဖြည်းလေ "

မေပယ်ရွက်လေးကိုကိုင်ကာပြေးလာသောမိန်းကလေးတစ်ဦးကထိုသူကို လှမ်းကာပြောလာလေသည်။ထိုမိန်းကလေး၏ဆံပင်က
လေအလာတွင် လွင့်မြောနေပြီးသူကိုယ်ကနေ စံပယ်ရနံ့ခပ်သင်းသင်းကိုရရှိနေပေသည်။ထိုမိန်းကလေးကားWonBinnieဆိုသူ၏ခါးကိုပြေးဖက်ကာကျောပြင်ကိုမှီလိုက်လေသည်။သူတို့နှစ်ယောက်၏ရယ်သံကပတ်ဝန်းကျင်တစ်ခုလုံးကြားအောင်ပဲတင်ထပ်နေပေသည်။








"WonBinnie ကိုသိပ်ချစ်တယ်နော် "


ထိုမိန်းကလေး၏ခေါင်းကိုဖွဖွလေးပုတ်ကာသူ့နဖူးကိုဖြည်းညှင်းစွာနမ်းလာသော WonBinnie ကဘေးနားမှာကြောင်တောင်တောင်လေးရပ်ကြည့်နေသောချန်းယောင်းကိုစူးစိုက်ကာကြည့်လာပေသည်။သူ့မျက်ဝန်းတွေကနီရဲလာပြီး လက်ထဲကစွန်ကြိုးကိုဖြတ်ချလိုက်သည်နှင့် စွန်လေးကကြိုးပျက်ကာကောင်းကင်ပေါ်မှာဝေ့ဝဲကာမြေပြင်ထံကျဆင်းလာတော့ပေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးနေရာပြောင်းကာ
မိမိနောက်ပြေးလိုက်လာသောအရိပ်မဲကြီးဆီကနေချန်းယောင်းအသည်းအသန်ပြေးနေရတော့ပေသည်။








ဟောဟဲလိုက်နေသော်လည်း ဆူညံနေသောအသံများကြားမှာချန်းယောင်းတတ်နိုင်သမျှပြေးနေရပေသည်။အနောက်ကိုလှည့်မကြည့်အားဘဲပြေးနေမိကာမိမိရှေ့ပိတ်ရပ်ထားသောလူတစ်ဦးကြောင့်ပြေးလက်စခြေလှမ်းတွေရပ်တန့်သွားရလေသည်။ ဘေးပတ်ဝန်းကျင်ကတဝီဝီအသံတွေကပိုပြီးကျယ်လောင်လာ၏။ချန်းယောင်းရင်ခုန်သံ
များကလည်းစည်တီးထားသကဲ့သို့
ကျယ်လောင်စွာမြည်ဟည်းနေပေသည်။








💕Heart strings 💕(အသည်းညှာ)Where stories live. Discover now