🍉🌻🌻Ep5🌻🌻🍉

82 8 3
                                    


" အားကစားခန်းမက အတန်း(၂)ကလည်းလူရွေးပွဲအတွက်သုံးချင်တယ်ဆိုလို့ ဆရာတို့ ဒီနေ့တော့ ဘက်စကတ်ဘောလူရွေးပွဲအတွက် ယောက်ျားလေးတစ်ချို့သာဒီမှာကျန်ခဲ့ပြီးပြေးခုန်ပစ်အပါအဝင်တစ်ခြားအားကစားအတွက် မြက်ခင်းပြင်ကျယ်ကြီးမှာဆရာတို့ပြန်ဆုံကြမယ် ။ဒီမှာလက်မှတ်ထိုးပြီးရင် အားကစားကွင်းမှာကိုယ်ကြိုက်နှစ်သက်တဲ့အသင်းမှာစာရင်းသွားပေးဖို့မမေ့ပါနဲ့။အားကစားပွဲတော်အတွက်ဆရာတို့ကျောင်းကကျောင်းသားတိုင်းကိုအလိုရှိပါတယ်နော်ဒါပြီးရင်အတန်းဆင်းလို့ရပါပြီ။"



ဆရာဂျောင်ဂျွန်ဖြိုးကရှင်းပြပြီးသည်နှင့် တစ်ဖက်အခန်းကလူရွေးပွဲကိုဆက်စောင့်ကြည့်နေပေသည်။အခန်းတစ်ကတစ်ချို့ကျောင်းသားတွေကိုလည်းဆရာကနာမည်ခေါ်ကာရွေးချယ်နေပေ၏။
ချန်းယောင်း အနေ ဖြင့် စိတ်မဝင်စားသော်လည်း လက်မှတ်ထိုးပြီးတာနဲ့ အားကစားကွင်းဆီကိုတစ်ခြားကျောင်းသား၊သူတွေနှင့်အတူထွက်လာခဲ့ရပေသည်။









အပြေးအတွက်မီတာရှစ်ရာကနေမီတာ၃၀၀၀အထိ ရှိပြီးအများစုပြိုင်ဖို့ စာရင်းသွင်းကြသူများမှာ အဆင့်မြင့် Alpha တွေဖြစ်ကြပေသည်။ချန်းယောင်းပွဲစဉ်တိုင်းအတွက်သူငယ်ချင်းတွေစာရင်းသွင်းသည့်နောက်အတူလိုက်ပေးရင်းအဖော်ပြုပေးသော်လည်း ဘယ်အသင်းထဲဝင်ရမလဲကို အခုထိမသိသေးပေ။








ရေကူးအသင်းရှေ့ရောက်ချိန် တွင် စီတန်းနေသူတစ်ချို့ကိုတွေ့လိုက်ရပေသည်။
ချန်းယောင်းဆက်သွားရနိုး မသွားရနိုး တွေဝေနေမိ၏။ရေကူး ခြင်းကိုနှလုံးရောဂါကိုစတွေ့ကတည်းကရပ်ထားခဲ့ရခြင်းဖြစ်ပြီး ရောဂါကိုသိရချိန်မှာအစားထိုးမှရှင်သန်နိုင်မည့်အခြေအနေထိဖြစ်သွားခဲ့ရပေသည်။အဲ့ကတည်းကနေ အခုထိ ချန်းယောင်းတစ်ခါမှပြန်မလေ့ကျင့်ခဲ့ရပေ။ဝင်ပြိုင်ဖို့ကိုလည်း အစ်ကိုဆိုဟီးကခွင့်မပြုမှာသေချာသလောက်မို့ ခြေလှမ်းတွေကိုသာဦးတည်ရာပြောင်းလိုက်မိတော့ပေသည်။









"ချန်းယောင်း "




ကျောင်းရဲ့ရေကူးကလပ်အသင်းခေါင်းဆောင်ကချန်းယောင်းကိုတွေ့သည်နှင့်လက်ပြကာလှမ်းခေါ်လာပေသည်။
ချန်းယောင်းမသိအောင်ပြန်ဖို့ကြိုးစားခဲ့သော်လည်း အားလုံးကဝိုင်းကြည့်လာသဖြင့်ရေကူးကလပ်ဆီကိုသာလျှောက်လာခဲ့ရတော့၏။အားလုံးရဲ့အကြည့်စူးစူးတွေကြောင့် ချန်းယောင်းမှာအနေရခက်နေမိတော့ပေသည်။










💕Heart strings 💕(အသည်းညှာ)Where stories live. Discover now