🍉🌻🌻ep3🌻🌻🍉

88 9 0
                                    

"ကျွန်တော်ကသေဖို့နီးစပ်ခဲ့လို့ အသက်ကိုတန်ဖိုးထားနေမိတာထင်တယ်။ခင်ဗျား
မကြိုက်ရင်‌ ဒီအတိုင်း မကြားခဲ့ဘူးလို့ သတ်မှတ်လိုက်။ခင်ဗျားစိတ်ငြိမ်သွားရင် အတန်း တော့ လာတတ်ဦးနော်။"

ချန်းယောင်းအုတ်ခုံပေါ်ကနေ ခုန်ဆင်းလိုက်ကာဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ပြီး‌ နောက်တံခါးဝဆီကိုလျှောက်လှမ်းနေမိတော့၏။


"ငါအတန်းတက်သည်ဖြစ် စေ မတက်သည်ဖြစ် စေမင်းအကြောင်းတစ်ပြားသားမှမပါဘူး ။နောက်.....ငါ့ကိစ္စတွေမင်းဝင်ပါစရာမလိုသလို ခေါင်းထဲလည်းထည့်စရာမလိုဘူး။နားလည်လား။မင်းကိုယ်နဲ့မသက်ဆိုင်တဲ့နေရာတွေမှာဝင်မပါနဲ့ ။ငါမင်းကိုတကယ်ကြည့်မရဘူး။ယောက်ျားလေးဖြစ်ပြီးဘယ်လိုလုပ်နေရာတကာပါနိုင်ရတာလဲ။"

ဝန်ဘင်းရဲ့စကားကြောင့် တံခါးကိုတွန်းဖွင့်
နေသည့် ချန်းယောင်း၏လက်ချောင်းများရပ်တန့်သွားလေသည်။အနောက်ကိုပြန်လှည့်ကြည့်လိုက်ရင်း အချစ်တစ်ခုကလွဲဘာမှမမြင်တော့သည်ဝန်ဘင်းကိုငေးကြည့်မိလိုက်၏။လူတွေက အချစ်နဲ့ပတ်သတ်ရင် ပြောင်းလဲသွားတတ်ကြတယ်လို့ အစ်ကိုလေးDewကပြောခဲ့ဖူးလေသည်။ပတ်
ဝန်ဘင်းရဲ့အရင်ပုံစံကရောဒါမျိုးခက်ထန်ပါ့မလား ချန်းယောင်းသိချင်မိလေသည်။

"ခင်ဗျားကကျွန်တော်ထိုင်ခုံဖော်လေ ။တစ်ခါထိုင်ခုံဖော်ဖြစ်ပြီးရင် ဒီတစ်နှစ်လုံးခင်ဗျားကကျွန်တော်ရဲ့ထိုင်ခုံဖော်ပဲ ။ဒီတော့ခင်ဗျားကိုဂရုစိုက်ပေးရမှာကျွန်တော်တာဝန်ပဲ။ကျွန်တော်ကိုဂရုစိုက်ပေးရမှာလည်း ခင်ဗျားရဲ့ဝတ္ထရားပဲ ။ကြည့်ရတာကျွန်တော်တို့က ရေစက်ပါလာပုံပဲမတတ်နိုင်ဘူးလေ ဆရာမကအတူထိုင်ခိုင်းတာကို။ကြည့်မရရင်လည်း မျက်လုံးပိတ်နေပေါ့ ။ဘယ်သူကလိုက်ကြည့်ခိုင်းနေလို့လဲ "


ချန်းယောင်း ရဲ့စကားကြောင့် ဝန်ဘင်းမဲ့ကာရယ်လိုက်မိပေသည်။ဒီတစ်ယောက်ကတကယ်ကိုစိတ်ပါမမှန်တော့သည့်ပုံပင်။သူကပဲအမိန့်ပြန်ပေးရသည်ရှိသေးဟုဝန်ဘင်းမကျေမနပ်တွေးမိလိုက်လေသည်။

💕Heart strings 💕(အသည်းညှာ)Where stories live. Discover now