🍉🌻🌻Ep7🌻🌻🍉

146 11 13
                                    

"ချန်းလေး ....တော်သင့်ပြီ။မင်းထပ်ပြီး pheromones တွေထပ်လွှတ်နေရင် ငါRut circle ပြန်ဖြစ်လာတော့မယ်လို့ခံစားနေရပြီ။ Enigmaတစ်ယောက်နဲ့ပူးကပ်နေတာက နောက်လာမယ့် Rut ကျ ပိုပြီးလိုအင်ဆန္ဒတွေပိုများလာလိမ့်မယ်။ကိုယ့်အဆင်ပြေမှာမဟုတ်လောက်
ဘူး။ပြီးတော့ ကိုယ့် Rutကာလနီးနေပြီ "

ချန်းယောင်းရဲ့လည်တိုင်ကြားခေါင်းနှစ်နေပြီးနောက်
ဝန်ဘင်းရဲ့အသက်ရှုနှုန်းတွေကပုံမှန်အတိုင်းဖြစ်မနေဘဲ မြန်ဆန်နေလေသည်။မျက်ဝန်းတွေပင်သေချာမဖွင့်နိုင်တော့ဘဲရီဝေဝေဖြစ်နေမိကာ ဝန်ဘင်းတစ်ကိုယ်လုံးမှာလည်းအီစတာလီလီအနံ့တွေချည်းသာကြီးစိုးနေလေ၏။တစ်ရှုံ့ရှုံ့လိုက်နမ်းနေသည့်ကောင်လေးကြောင့် သူ့နှုတ်ခမ်းတွေကိုလက်နဲ့လှမ်းပိတ်လိုက်သော်လည်းမိမိလက်ကိုပါလျက်လာသဖြင့်
ဝန်ဘင်းမှာတစ်ကိုယ်လုံးကြက်သီးဖြန်းဖြန်းထသွားမိလေသည်။တရားခံကားဝန်ဘင်းကိုကြည့်ရင်းခပ်သဲ့သဲ့ပြုံးလာပေ၏။



"အဲ့တာဆိုလည်း ကျွန်တော်ချစ်ရသူကို  ကျွန်တော်က ကူညီပေးရမှာပေါ့ ။အားမနာနဲ့နော် ဖုန်းလေးတစ်ချက်ဆက်လိုက်တာနဲ့ အိမ်တိုင်ရာရောက်ဝန်ဆောင်မှုပေးမယ် "

ရယ်သံသဲ့သဲ့‌နှင့်ပြောလာသောချန်းယောင်းကြောင့်
ဝန်ဘင်းသူ့ဗိုက်ကိုတစ်ချက်ထိုးလိုက်မိ‌ ပေသည်။ထိုအခါ ခပ်ဟဟ ရယ်သံတစ်ချို့ တစ်ပြိုင်နက် ထွက်ပေါ်လာကာ မိမိခါးကိုပွတ်သပ်နေသောချန်းယောင်းရဲ့လက်ချောင်းလေးတွေကိုဝန်ဘင်းဖမ်းဆုပ်ထားလိုက်မိတော့၏။ငြိမ်ကျသွားသည့် လက်ချောင်းလေးတွေက ဝန်ဘင်းလက်ချောင်းလေးတွေကို ပြန်လည်ဆုပ်ကိုင်လာပြီး‌ နောက်  ဝန်ဘင်းနဖူး အပေါ် အနမ်းတစ်ချို့ရောက်ရှိလာတော့ပေသည်။ခါးကသာလက်ပူလိုက်တက်မည်ဆိုလျှင်ချန်းယောင်းလက်ကြောင့်သာဖြစ်ပေလိမ့်မည်ဟုဝန်ဘင်းတွေးလိုက်မိ တော့ပေသည်။



"ကိုယ့်Rutကာလရောက်ရင် မင်းကိုအရင် ဆုံးရှောင်မှာ မယုံမရှိနဲ့ "

ဝန်ဘင်းဆီကထွက်ပေါ်လာသောလေသံအေးအေးလေးကြောင့် ချန်းယောင်းရယ်လိုက်မိပေသည်။မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားသမျှက မြန်ဆန် လွန်းလှပေ၏။မနက်ကအထိ စာအုပ်အပုံလိုက်ပေးကာအိမ်စာထဲခေါင်းနှစ်စေခဲ့သူက ယခုအချိန်မှာချန်းယောင်းပုခုံးပေါ်မှီကာလက်ချောင်းလေးတွေကိုထပ်တူယှက်နွယ်ဆုပ်ကိုင်ထားလေသည်။မယုံကြည်နိုင်ဘူးဟုဆိုချင်သော်လည်း ပုခုံးပေါ်မှာမှီထားသည့်ခေါင်းလုံးလုံးလေးဆီက သံလွင်ပန်းရနံ့သင်းပျံ့နေလေ၏။


💕Heart strings 💕(အသည်းညှာ)Where stories live. Discover now