🍉🌻🌻Ep4🌻🌻🍉

83 9 2
                                    

Heart strings ost song~ sudden shower by Eclipse

"WonBinnie"

မိုးစက်တွေကြားမှာပြေးလွှားရင်း မိမိဆီအသည်းအသန်ပြေးလာနေသောလူကသူရောက်မလာခင်အသံကလေဟာနယ်ကိုဖြတ်ကျော်ကာအရင်ရောက်လာပေသည်။မိုးကခပ်ဖွဲဖွဲရွာ နေရာမှတဖြည်းဖြည်းပိုပြီးများလာ ၏။ဝန်ဘင်းစက်ဘီးကိုမြန်မြန်တွန်းလိုက်ရင်း တစ်ဖက်လူမမှီနိုင်အောင်ခြေလှမ်းတွေကိုအရှိန်မြှင့်တင်လိုက်မိပေသည်။





မိုးကလည်းပိုရွာလာသဖြင့် ခပ်သော့သော့ပြေးကာစက်ဘီးရပ်နားစခန်းမှာမိမိစက်ဘီးကိုသေချာနေရာချလိုက်မိ၏။စက်ဘီးကိုသော့ခတ်နေစဥ် အနောက်ကနေဒရောသောပါးပြေးလာသောအီချန်းယောင်းကမိမိအနား တစ်ဟုန်ထိုးပြေးဝင်လာလေသည်။ဟောဟဲလိုက်နေသော်လည်း လက်ထဲအထုပ်ပေါင်းစုံနှင့် မိမိကိုမသွားနိုင်အောင်ရှေ့ကနေတားဆီးလာပေ၏။အထက်အောက်စေ့စေ့ကြည့်မိလိုက်သောအခါ ကျောင်းဝတ်စုံဖရိုဖရဲနဲ့ မြင်နေကျပုံစံကိုသာမြင်လိုက်ရပေသည်။






"ဖယ် "

စက်ဘီးသော့ကိုဆုပ်ကိုင်ရင်းအရှေ့ကနေ မိမိသွားသမျှနေရာတိုင်းလိုက်ပိတ်နေသော
အီချန်းယောင်းကိုစေ့စေ့ကြည့်ကာ ဝန်ဘင်းပြောလိုက်မိ ပေသည်။သို့သော်လည်း
ချန်းယောင်းကထူးပြီးဂရုစိုက်မနေပေ။
ဝန်ဘင်းသွားမည့်နေရာမှန်သမျှလက်ကားယားခြေကားယားဖြင့်လိုက်လံတားဆီးလေသည်။ဒါကိုပင် သူကသဘောတွေ့နေပုံပေါ်လေသည်။





"စောင့်ပါဦးလို့အော်ပြောနေတယ်လေ ။ဘယ်လိုလုပ်ပြီး‌ ရှေ့ကနေ ထပ်ပြီးပြေးသွားရတာလဲ ။ဘာလဲ ကျောင်းကထွက်ပြေးသွားမှာစိုးလို့လား။ကျောင်းကိုမမြင်ဖူးတဲ့ မူလတန်းကလေးကျနေတာပဲ။အသည်းအသန်ပြေးနေတာက။ အနောက်က ပြေးလိုက်ရတဲ့ လူကမောလို့ သေတော့မယ် ။တကယ်အကြင်နာတရားခေါင်းပါးချက်ကစာဖွဲ့လို့မမှီဘူး "

ချန်းယောင်းမောနေသော်လည်း ရန်တွေ့ဖို့ကိုတော့မမေ့ပေ။ဒီလောက်မိုးတွေရွာနေတာတောင်ထီးထုတ်မဆောင်းသောဝန်ဘင်းကိုမိမိမှာသာစိုးရိမ်နေမိ‌သော်လည်းကာယကံရှင်ကကိုယ့်ကိုဂရုပင်မစိုက်ပေ။ကြည့်.....အခုလဲကိုယ်ကသာစိတ်ဆိုးနေမိသော်လည်းဝန်ဘင်းကသုန်မှုန်စွာပြန်လည်စိုက်ကြည့်လာရုံမှတစ်ပါး ခွန်းတုံ့ပြန်လာခြင်းမရှိပေ။





💕Heart strings 💕(အသည်းညှာ)Where stories live. Discover now