🍉🌻🌻ep2🌻🌻🍉

78 8 0
                                    


"တကယ်တော့ ငါ pheromones တွေကမငြိမ်မသက်ဖြစ်နေတာ။အဲ့တာကြောင့်ငါက
တိကျတဲ့အဖြေမရသေးဘူး "



ချန်းယောင်းမယုတ်မလွန်ပြန်ဖြေလိုက်ရင်း သောက်လိုက်စအချိုရည်ကိုသာကုန်အောင်သောက်လိုက်မိပေ၏။အခုချိန် Enigma လို့ပြောရင်လည်းယုံကြမည်မဟုတ်ပေ။Omegaလို့ပြောရအောင်လည်း
ချန်းယောင်းကအဲ့လောက်ထိ မသိမ်မွေ့ပေ။နုပျိုနေတာကကောင်းသော်လည်း ချန်းယောင်းရဲ့အရင်ပုံစံကတကယ်ကိုခက်ထန်သည့်ပုံမျိုးဖြစ်လေသည်။










ပြောရရင်ကျောင်းမှာသင်ပေးတဲ့မျိုးရိုးဗီဇသင်တန်းတွေကို ခြေဦးပါလှည့်ခဲ့သည်မဟုတ်။ Enigma တွေအတွက်သင်ရိုးဆိုပြီးသီးသန့်လည်းရှိမနေ။မိသားစုကသာလက်ဆင့်ကမ်းသင်ပေးကြပြီးEnigmaတိုင်းကလည်းမွေးရာပါအစွမ်းသတ္တိတွေပါလာကြခြင်းမရှိကြပေ။အထူးသဖြင့်Enigmaတွေကသူတို့ဖြစ်တည်မှုကိုလျို့ဝှက်ထားကြသည်ကများပေသည်။အမဲလိုက်မုဆိုးကောင်းတွေမို့ ရန်သူလည်းများလှပေသည်။








"ငါ့စိတ်ထင် မင်းရဲ့ပုံစံကအရပ်တော့ရှည်ပေမဲ့ ရုပ်လေးကလဲမခေတော့ Omega မဟုတ်ရင် Betaဖြစ်မယ်ထင်တယ် ။"


ဆောင်းချန်းမိမိအထင်ကိုပြောလိုက်မိသော်လည်း ကာယကံရှင်ကနားထောင်နေပုံမပေါ်ဘဲ အခုထိမရပ်မနားရွာနေသည့်မိုးစက်တွေကိုသာမမှိတ်မသုန်စိုက်ကြည့်နေလေသည်။ဖြူနုနုပါးပြင်ကသွေးကြောလေးတွေပင်ယှက်ပြေးနေပြီးပါးပြင်ပေါ်ကမွှေးညှင်းနုလေးတွေပင်မြင်နေရပေ၏။ဖြောင်းစင်းသောနှာတံကထင်ပေါ်နေပြီး ခပ်ရဲရဲနှုတ်ခမ်းပါးတစ်စုံကဆေးမကူထားဘဲရွှန်းစိုနေလေသည်။








ခပ်အုပ်အုပ်ဆံသားအချို့ကသူ့မျက်ဝန်းတွေအပေါ်ဖြာကျနေသော်လည်း ကျောပိုးအိတ်ကိုလျော့တိလျော့ရဲလွယ်ထားပုံကကပိုကယိုနှင့်ဆွဲဆောင်မှုရှိလှပေသည်။ဆောင်းချန်းစိတ်ထဲဘယ်လိုကြည့်ကြည့် Omega ဟုသာကောက်ချက်ချလိုက်မိပေ၏။ခပ်ဖျော့ဖျော့ pheromones ရနံ့ကလဲ စပယ်ရနံ့အလားလေအလာမှာဝေ့ဝဲလာပေသည်။








"ငါတို့သွားမှဖြစ်မယ်ထင်တယ် "



ဆောင်းချန်းတိတ်တိတ်လေးရပ်နေသည့်
ချန်းယောင်းကိုဆွဲကာမိုးရွာနေသည့်လမ်းမထက်ပြေးထွက်လာမိပေသည်။ရုတ်တရက်ကြီးမို့ကြောင်အနေပုံရသော်လည်း
ဆောင်းချန်းဆွဲခေါ်ရာနောက် တစ်ဝေမသိမ်းလိုက်လာလေသည်။ချန်းယောင်းတစ်ဖက်လူ၏ခြေလှမ်းကျယ်တွေနောက်အမြန်လိုက်နေမိသော်လည်း မိမိခေါင်းပေါ်ကျဆင်းလာသည့်မိုးရေစက်တွေ၏အေးစက်နေမှုကြောင့် စိတ်ထဲလန်းဆန်းသွားရပေသည်။











💕Heart strings 💕(အသည်းညှာ)Where stories live. Discover now