🍉🌻🌻Ep6🌻🌻🍉

117 10 2
                                    


မွှန်ထူနေသောစံပယ်ရနံ့နှင့်လီလီရနံ့ရောစပ်နေသောအနံ့ပြင်း ပြင်းများကြောင့် ဆွန်းယောင်းမှာအသက်ရှုမဝဖြစ်လာရပေသည်။တစ်ဖန် မိမိကိုဆွဲမြှောက်လာသော
ချန်းယောင်းကြောင့်  ခြေထောက်တွေကလေထဲမှာယက်ကန်ယက်ကန်ဖြစ်နေရလေသည်။ လေတိုက်ရင်တောင်လဲကျမတတ် သိမ်မွေ
သည့် အကောင်သေးသေးလေးဆီကအားတွေကဒူးခွေကျရအောင် အတော်ပြင်းလေသည်။ဒီကောင်လေးကရုပ်ကလေးနဲ့မလိုက်ဖက်လောက်အောင် ဖယ်ရိုမုန်းတွေကအတော့်ကို အားပြင်းလေ၏။


"ဟက်....မင်း...ကို...တားခဲ့တယ်လေ ။ငါ့ကိုမထိနဲ့လို့ ။...."


လည်ပင်းကိုညစ်လာသောချန်းယောင်းရဲ့ လက်ကပြုတ်တူတွေလို ခိုင်မြဲ‌  နေပြီး
ဆွန်ယောင်းမှာလက်နှစ်ဖက်အားနဲ့ဆွဲခွာနေသော်လည်းရုန်းလို့ပင်မရပေ။ သူ့
pheromones ရနံ့ပြင်းတွေကြောင့်
ဆွန်ယောင်းမှာစကားလည်းမပြောနိုင်တော့ပေ။အားပြင်းသည့်ရေအလျင်လိုစုပြုံထွက်လာသောသူ့ pheromones တွေက
ဆွန်ယောင်းလိုအဆင့်မြင့်Alphaကိုတောင်ဒူးထောက်ကျသွားစေပေသည်။

ချန်းယောင်းသူ့ကိုယ်ကိုမလိုက်ကာနံရံထောင့်ကိုဆွဲကပ်မိ၏။ကိုယ်ကနေလည်း အနံ့ပြင်းပြင်း pheromones တွေကအဆက်မပြတ်ထွက်လာ‌ ပေသည်။နောက်ဆုံးတော့
ချန်းယောင်းကိုယ်ကနေ Pheromonesတွေ တစ်ဖန်ပြန်လည်ထွက်ပေါ်လာပေပြီ။ပတ်ဝန်းကျင်ကလူ တွေရဲ့စိတ်ထဲကစကားသံတွေကိုအလိုလိုပြန်လည်ကြားလာရပေ၏။သဲသဲကွဲကွဲ မဟုတ်သော်လည်း ဒီလောက်ဆိုရင်တောင် အရင်ကထက်စာရင် ချန်းယောင်းအတွက်ပြုံးမိစေဖို့လုံလောက်နေပေပြီ။ကြောက်ဒူးတုန်နေသည့်လက်ထဲက
ငပျော့ကောင်ကိုကြည့်ရင်း ချန်းယောင်းပုခုံးတွေလှုပ်သည့်အထိ အူလှိုက်သည်းလှိုက်ရယ်မိလေသည်။

ရုန်းကန်နေရရှာသော ဆွန်ယောင်းကို ထိန်းချုပ်ရင်း ချန်းယောင်းခေါင်းကိုတစ်ချက်ခါလိုက်မိပေသည်။မပီမပြင်ဝိုးတဝါးသာသာကြားနေရခြင်းကြောင့် စိတ်ထဲပိုရှုပ်လာမိပေ၏။မြေခွေးလေးဟူသောခေါ်သံတွေကချန်းယောင်းအာရုံထဲဝယ်အထပ်ထပ်အခါခါပေါ်လာပေသည်။ရင်နှီးနေပါသော ထိုလူသားရဲ့စိတ်ထဲကအတွေးတွေကို အခုမှကြားနိုင်ခြင်းဖြစ်လေ၏။အရင်ကဆို ခေါင်းရှုပ်လွန်းလို့ လူတွေရဲ့စိတ်ထဲကစကားတွေကို လုံးဝမကြားချင်ခဲ့ပေ။အလိုရမ္မက်တွေချည်းပြည့်နှက်နေသူတွေကြား မသိချင်ယောင်ဆောင်ရသည်ကပိုပြီးပင်ပန်းလေသည်။

💕Heart strings 💕(အသည်းညှာ)Where stories live. Discover now