နေ့ရက်တွေကတဖြည်းဖြည်းပြောင်းလဲလာခဲ့သည်မှာဗဟိုအဆင့်စာ မေးပွဲတွေက ထူးချွန်ကျောင်းသားတွေကို ကမ်းလင့်ကြိုဆိုနေပေတော့၏။ချန်းယောင်းသမ်းလိုက်ရင်း အိပ်ချင်မူးတူးမျက်ဝန်းတွေကိုပွတ်သပ်မိပေသည်။အကျင့်ရနေသည့်အလျောက် ဘေးကိုလှည့်ကြည့်မိ သောအခါ ဓာတုဗေဒအထူးတန်းတတ်နေရသဖြင့် မိမိဘေးကလူ၏နေရာလွတ်လေးကိုသာတွေ့လိုက်ရပေသည်။ဆောင်ချန်းကစောင့်ကြည့်နေသဖြင့် တစ်ခါတစ်လေ လက်လှမ်းကိုင်မိရင်တောင် ဝန်ဘင်းကခေါင်းခါပြကာရှောင်ထွက်သွားသဖြင့် ချန်းယောင်းမှာ အမည်ခံချစ်သူအဖြစ်သို့ရောက်မှန်းမသိရောက်လာသလိုခံစားလာမိပေ၏။
အိပ်ချင်မူးတူးဖြစ်နေသဖြင့် တွက်လိုက်စဓာတုဗေဒစာအုပ်ကိုပိတ်ကာ သန့်စင်ခန်းဆီသို့ ချန်းယောင်းထွက်လာခဲ့မိတော့ ပေသည်။အဝင်ဝကို ရောက်သောအခါ အလျိုအလျိုလျင်မြန်စွာ ပြေးထွက်သွားသူများကြောင့်
ချန်းယောင်းမှာကြောင်အသွားမိလေသည်။ဆွန်းယောင်းရဲ့အပေါင်းအဖော်တစ်ချို့ကိုပါတွေ့လိုက်ရသော်လည်း သုတ်သီးသုတ်ပြာထွက်သွားကြသဖြင့် ချန်းယောင်းမှာနှုတ်ခမ်းထောင့်လှုပ်ယုံပြုံးလိုက်မိ ပေ၏။ကြည့်ရတာဆွန်းယောင်းအဖြစ်ကသူတို့အတွက်ဥပမာဖြစ်သွားပုံရပေ၏။ဒါတောင်
ချန်းယောင်းကအရင်လို Enigma စစ်စစ်ပြန်မဖြစ်သေးတာမို့ သူတို့သက်သာသွားခြင်းဖြစ်လေသည်။အရင်စိတ်နဲ့ဆို ဒီကောင်တွေမော်တောင်ကြည့်ရဲမည်မဟုတ် ပေ။သန့်စင်ခန်းမှာလက်ဆေးပြီးသောအခါ အိတ်ကပ်ထဲကဖုန်းကိုယူကာစစ်ဆေးကြည့်မိသော်လည်း စာတစ်စောင်မှမတွေ့ရချေ။ဒီရက်တွေအတွင်းသူနဲ့မတွေ့ရသည်ကပိုများပေသည်။ချစ်ရသူကို နီးလျက်နဲ့မပွေ့ဖက်နိုင်ခြင်းသည်ချန်းယောင်းရင်ကို အတိုင်းအဆမရှိပူပန်လာစေ၏။ အရင်လိုကြားနေကျအသံလေး၊စိတ်ကောက်သွားသည့်အခါတိုင်းမြင့်တတ်သွားသည့်မျက်ခုံးတန်းလေးတွေ၊စုချွန်သွားတတ်သည့်နှုတ်ခမ်းသားလုံးလုံး လေးကိုသတိရမိပေသည်။မြင်တွေ့နေကျလက်ရေးဝိုင်းလေးတွေကိုမမြင်တွေ့ရသောအခါပိုမိုလွမ်းဆွတ်ရပေ၏။မှန်ထဲမှာမြင်နေရသည့်နုပျိုနေသည့်မိမိရုပ်သွင်ကိုကြည့်ရင်း ကျင့်သားမရသေးသည့်အလား
ချန်းယောင်းငေးမောမိပေသည်။
YOU ARE READING
💕Heart strings 💕(အသည်းညှာ)
FanfictionEnigma &S Dominate Alpha ကျွန်တော်ရဲ့ဗီတာမင်လေးတွေအတွက် ကျွန်တော်ရဲ့ မွေးနေ့လက်ဆောင်မွန်...... ပဒါယီ