အပိုင်း(၆)

118 25 73
                                    

အမိုး ဘုရားကန်တော့တာ အခုဆို ၄၅မိနစ်ကျော်ပြီ။သူ အမိုးအားစောင့်နေမိတာ.... အိပ်ခန်းတံခါးပေါက်မှာငုတ်တုတ်လေးထိုင်ရင်း ငိုက်မိသည်အထိ။

မမသည် အိမ်အောက်ကနေ အပေါ်ထပ်ကိုသခွားမွှေးစိတ်ထားသည့်ပန်းကန်လေးယူကာ ‌တက်လာလေသည်။မောင်ဖြစ်သူအား တစ်ချက်အကဲခတ်လိုက်ပြီး ဘုရားကန်တော့၍ ပြီး၍ဦးချနေပြီဖြစ်သည့် ‌အမိုးနား အသာကလေး ထိုင်လိုက်တော့၏။

"သမီး သခွားမွှေးခွဲလာတာလား"

"ဟုတ်အမိုး ဟိုမယ်ထယ်ထယ်ငိုက်နေတယ်အမိုး"

အမိုးသည် ထယ်ထယ်၏ အိပ်ခန်းဘက်လှည့်လိုက်လေသည်။နန်းခိုင်ယဉ်ကတော့ ခေါက်စားပွဲလေးချကာ ထိုစားပွဲပေါ် သခွားမွှေးပန်းကန်တင်လိုက်၏။

"စိုင်းထယ်ထယ်"

အမိုး၏ ခေါ်သံကြောင့် ထယ်ထယ်လေးလန့်နိုးလာသည်။ပါးစပ်ကလေးက စီးကျနေမည်ထင်သည့် သားရေကို လက်ဖြင့်ယောင်ယမ်းသုတ်ကာ အမိုးတို့နားရောက်လာရှာ၏။

"သား အိပ်ချင်တာ မအိပ်ဘဲ အမိုးကိုစောင့်နေတာ ပြောစရာရှိလို့လား"

စိုင်းထယ်ထယ်သည် အစ်မဖြစ်သူအားတစ်ချက်လှမ်းကြည့်လိုက်သည်။ပြီးမှ အသာကလေးဝင်ထိုင်ကာ အမိုးအားမျက်နှာချိုသွေးလိုက်၏။

"ထယ်ထယ် ဖုန်းသုံးချင်လို့ပါအမိုး"

အမိုးသည်သမီးဖြစ်သူအား လှမ်းကြည့်တော့ သမီးဖြစ်သူသည် ‌ခေါင်းကလေးခါပြလေ၏။အဓိပ္ပာယ်က သူဘာမှမသိပါဘူးဟုပြောခြင်းပင်။

"ဘာလို့သုံးချင်တာလဲ ထယ်ထယ်"

"ထယ်ထယ်လည်းလူငယ်ဘဲလေ တစ်ခါတလေကြ ပျင်းလို့ပါ"

အမိုးသည် သခွားမွှေးစိတ်ကလေးတစ်စိတ်ကိုခရင်းလေးနဲ့ထိုးပြီးအရင်စားလေ၏။

"ထယ်ထယ် ရည်စားရနေပြီလား"

စိုင်းထယ်ထယ်လေးသည်အလန့်တကြားလေးဖြစ်ကာ မျက်နှာကလေးနီသွားရှာ၏။

"မရပါဘူး အမိုး"

"အမိုးထယ်ထယ်ကျောင်းသွားတက်တုန်းက ဖုန်းပေးခဲ့သားဘဲ အဲ့တုန်းကသားဘဲကောင်မလေးတွေက သားဆီစာတွေပို့ ဖုန်းတွေဆက်လို့ဖုန်းသုံးရတာ စိတ်ညစ်တယ်ဆို အခုလုံးလုံးမသုံးခိုင်းတာမဟုတ်ပေမယ့် သားအပြင်သွားတဲ့ရက်ဆို ဖုန်းထုတ်ပေးသားဘဲ ဘယ်မှမသွားဘဲအိမ်မှာနေချိန်တော့ မျက်လုံးမထိအောင် အမိုးသိမ်းထားတဲ့သဘောဘဲ ထယ်ထယ်"

တစ်ရွာသားနှင့်ပုဝါပါးWhere stories live. Discover now