"ဧည့်သည်သွားကြိုတာတဲ့လေ မောင်မောင်က"
သူမသည် ခေါင်းကလေးငြိမ့်ကာ သူမ အစ်မ၏လက်ရာ လက်ဖက်သုပ်အား အားရပါးရဇွန်းဖြင့် အရင်ကော်စားလေ၏။ပါးစပ်က ခဏဝါးပြီးမှ စားပွဲပေါ်က ရေနွေးခွက်ယူကာမော့ချပစ်လေသည်။စားလို့အားရမှ စကားကိုခွန့်တုန့်ပြန်သည်မှာ ငယ်ကတည်းအကျက့်မို့ အစ်မဖြစ်သူက သူ့ညီမအား ယုယကြင်နာစွာကြည့်နေရှာ၏။
"မောင်မောင် စိုင်းထယ်ထယ်ကိုသွားကြိုတာလေ"
"စိုင်းထယ်ထယ်တဲ့လား သူဟိုမှာခင်တဲ့ကလေးက မိန်းကလေးမဟုတ်ဘူးလားညီမလေး"
သူမသည် ဟန်ပါပါတစ်ချက်ပြုံးကာ လက်ဖက်တစ်ဇွန်းထပ်စားပြန်သည်။လည်ချောင်းဆီမျိုချပြီးမှ စကားပြန်ပြောလေ၏။
"မမ မသိဘဲ လက်ခံရလား"
"မောင်မောင်ပြောတာတော့ ရှမ်းပြည်မှာတွေ့ခဲ့တဲ့သူ့ဂန္ဓမာပန်းကလေး မန္တလေးလာမှာမို့အိမ်မှာတည်းခွင့်ပြုပါတဲ့ မောင်မောင့်ပုံကြည့်ရတာ ပျော်နေတဲ့ပုံဘဲ ညီမလေးရ နာမည်မေးတော့မဖြေဘူး တွေ့မှမိတ်ဆက်ပေးမယ်တဲ့ မေမေသဘောကျမယ့်ဧည့်သည်မို့ အိမ်မှာတည်းခွင့်ပြုပါတဲ့လေ"
"အဲ့တာတော့ ဟုတ်တယ် စိုင်းထယ်ထယ်က မောင်မောင့်နဲ့ရွယ်တူဘဲ ကောင်ကလေးက ချစ်စရာလေး နူးညံ့သိမ်မွေ့တယ် သူ့အမေတွေအစ်မတွေက
ကောင်လေးကို အခုထိကလေးလိုမြင်ကြသဘောထားကြပုံရတယ် မမမြင်တာနဲ့ချစ်မှာပါ"ညိုသည် ညီမဖြစ်သူ၏ စကားထဲက နူးညံ့သိမ်မွေ့သည်ဟူသော စကားလုံးအား မရှင်း၍ အသေးစိတ်မေးရပြန်သည်။
"ဘယ်လို နူးညံ့သိမ်မွေ့တာလဲ ညီမလေး"
နန်းခင်အိမ်သည် တစ်ချက်ရယ်ကာ အစ်မဖြစ်သူနားတိုးကပ်လိုက်သည်။အစ်မဖြစ်သူ၏ လက်ကလေးကိုလည်းဆုပ်ကိုင်ကာ
"မမက မောင်မောင့်အတွက်စိုးရိမ်နေတာလား"
"မောင်မောင်ကထူးဆန်းနေတယ်မလား နန်းခင် ညည်းသားကိုညည်းဘယ်လိုမြင်လဲ"
"မမသားက ညီမလေးသားပါဘဲ သူမှားနေရင်ညီမလေးကိုယ်တိုင်ဆုံးမမှာ အခုက သူမှန်နေပါတယ်မမရ"
YOU ARE READING
တစ်ရွာသားနှင့်ပုဝါပါး
Fanficရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့က စိုင်းထယ်ထယ်ကို သွားပိုးကြရအောင်လား။