"ဘုန်းကြီးကျောင်း သီလပွဲပေးမှာ အမိုးဘာကပ်မလဲဟင်"
"ဆန်တစ်အိတ်ဆီတစ်ပုံးဘဲပေါ့ ကန်တော့ပွဲရယ် ဘုန်းဘုန်းက ကြာဇံဟင်းခါး တရားနာသူတွေ ကျွေးချင်တယ်ပြောတယ်"
စိုင်းထယ်ထယ် ခေါင်းကလေးသာငြိမ့်လိုက်သည်။မျက်နှာက ပြုံးစစနှင့် မောင်မောင့်ကိုလှမ်းကြည့်တော့ မောင်မောင်သည်ပြတင်းနားထိုင်လျက် အဝေးကိုငေးနေလေ၏။
"အမိုး"
"အင်း"
အမိုး၏လက်သည် သိုးမွေးထိုးနေရှာ၏။
"ကြာဇံဟင်းချက်တဲ့အခါ သားကူလုပ်ပေးပါ့မယ်"
အမိုးသည် သူ၏သားအား ကြည့်ရှာသည်။မောင်မောင့်ဘက်ကိုလှမ်းကြည့်၍လည်း အေးချမ်းစွာပြုံးရှာ၏။
"ဒီတစ်ခါ ကြာဇံဟင်းက အမိုးလည်းမချက်ဘူး မမလည်းမချက်ဘူး သားရဲ့"
"ဟင် ဘယ်သူချက်မှာလဲ"
"ဂျီမင်းမောင်မောင်လေ"
"တကယ်"
"အင်း စောဏ အမိုးနဲ့ မမ မိုးဖိုချောင်ထဲ ပန်းကန်တွေသိမ်းနေတုန်း သူကြားသွားတာ သူချက်တတ်တယ်တဲ့ ကုသိုလ်ယူပါရစေတဲ့"
ထယ်ထယ်၏ နှုတ်ခမ်းပါးလေး ကွေးညွတ်သွားတော့သည်။အမိုးသည် ချည်ကိုဆက်ထိုးရင်း စကားဆက်ပြော၏။
"သူက ထမင်း၊ဟင်းပါချက်တတ်တယ်တဲ့ စိုင်းထယ်"
"ဟုတ်လား မောင်မောင်ကသိပ်တော်တာဘဲနော် အမိုး"
"အမိုးကို ပြောတာတော့ သူသင်ထားတာမကြာသေးဘူးတဲ့လေ ဘာဘဲဖြစ်ဖြစ် ဒီကောင်လေးနဲ့သားယူခဲ့တောင်အမိုးစိတ်မပူရတော့ဘူးပေါ့"
အမိုး၏ စကားကြောင့် ထယ်ထယ်နှလုံးသားလေး ကြည်လင်သန့်စင်ရပါ၏။
အမိုးသည် ထိုကဲ့သို့ပြောပြီး ထိုင်ရာကနေ အပေါ်ထပ်သို့ ထသွားပါတော့သည်။မမသည် အပေါ်ထပ်မှာ ဘုရားကန်တော့နေတာ။မောင်မောင်နှင့်သူသာ အောက်ထပ်မှာကျန်ခဲ့၏။
"မောင်မောင်"
ထယ်ထယ်ခေါ်လိုက်တော့မှ မောင်မောင်အတွေးစကလေးများ ရပ်ကာ ထယ်ထယ်၏နားလာရောက်ထိုင်ရှာ၏။
YOU ARE READING
တစ်ရွာသားနှင့်ပုဝါပါး
Fanficရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့က စိုင်းထယ်ထယ်ကို သွားပိုးကြရအောင်လား။