"ဘာစားမလဲ နန်းမြင့်"
နန်းမြင့်သည် အမိုး၏ အချစ်တော်လား။သူစားပွဲမှာထိုင်နေရင်းက နန်းမြင့်ဆိုင်ထဲဝင်လာသည်ကို အကဲခတ်နေရသည်။သူ၏ ဂန္ဓမာလေး၏ မေမေသည် နန်းမြင့်အား အားရဝမ်းသာ ဆီးကြိုလေ၏။နန်းမြင့်၏ လက်ကလေးတွဲကာ ဆိုင်ထဲခေါ်တာဗျာ။
စိုင်းထယ်ထယ်သည် နန်းမြင့်ဝင်လာတာ သိသည်နှင့် ဂျီမင်းမောင်မောင်အားကြည့်၏။မောင်မောင်ကို ရှင်းပြထားပေမယ့် မောင်မောင်က အားငယ်တတ်သည်မဟုတ်လား။
အမိုးက စိုင်းထယ်ထယ်တို့ဝိုင်းမှာ နန်းမြင့်အား
ထိုင်ခိုင်းသည်။"သမီးတို့သူငယ်ချင်းတွေ စကားပြောကြအုံးပေါ့ နန်းမြင့်က ဘာစားမလဲ"
"နေပါစေ အမိုး သမီးဒီအတိုင်း စိုင်းထယ်ဆီလာတာပါ"
မောင်မောင်၏ မျက်နှာကလေး အမူအယာပျက်နေလေသည်။မျက်နှာကလေး စောဏလိုလန်းမနေပါ။
"မောင်မောင်"
စိုင်းထယ်ထယ်အား သူပြုံးပြရ၏။
"ဒါက ထယ်ထယ့် သူငယ်ချင်းလေ နန်းမြင့်တဲ့"
နန်းမြင့်သည် ပြုံး၍ လက်ကလေး ကမ်းပေးလာပါ၏။
"ကျွန်မနန်းမြင့်ပါရှင့်"
ဂျီမင်းမောင်မောင်တစ်ယောက် လက်ပြန်မကမ်းသေးပေ။ထယ်ထယ်အား ကြည့်၍ ထယ်ထယ် ခေါင်းကလေးငြိမ့်ပြရ၏။ထိုအခါမှ လက်ပြန်ပေး၍ လက်ဆွဲနှုတ်ဆက်ပါ၏။
"ကျွန်တော့်နာမည် ဂျီမင်းမောင်မောင်ပါ ထယ့်အချစ်ရအောင်ကြိုးစားနေသူပါ"
နန်းမြင့်သည် လက်ကလေး ပါးစပ်မှာအုပ်ကာ တခစ်ခစ်ရယ်ပါလေ၏။
"အယ် အသည်းယားစရာလေးတွေဘဲ စိုင်းထယ် နင်အဖြေပြန်ပေးလိုက်ပါတော့ သူက တကယ်ကြီးချစ်တတ်တာဘဲ"
မောင်မောင် ခပ်တည်တည်သာ။ထယ်ထယ်ကတော့ ကျေနပ်ပြုံး၏။
"အမိုးက ပြောတယ် တစ်ရွာသားကိုရည်းစားထားရင် လွမ်းရတတ်တယ်တဲ့ ဟုတ်လားမောင်မောင်"
သူ ထယ်ထယ်လေး၏ အပြောကို မချေပချင်ပါ။အမိုးကလည်း မလှမ်းမကမ်းကနေ ထိုင်ကြည့်နေတာမို့ ခေါင်းကလေးသာ ခါလိုက်ရ၏။
YOU ARE READING
တစ်ရွာသားနှင့်ပုဝါပါး
Hayran Kurguရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့က စိုင်းထယ်ထယ်ကို သွားပိုးကြရအောင်လား။